သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလေ့လာရေး အဖွဲ့ဝင် ၃၀၀ ဆီးရီးယား လွှတ်မည်


အပစ်ရပ်သဘောတူညီမှု ပြုလုပ်ထားတာ သီတင်းတပတ်ရှိပြီ ဖြစ်ပေမဲ့ လူတွေ သေဆုံးရတဲ့အထိ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဆီးရီးယားနိုင်ငံကို လက်နက်တပ်ဆင် မထားတဲ့ အကဲခတ် စောင့်ကြည့်သူ ၃၀၀ ချထားရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။

ကနဦးသတ်မှတ်ရက် ရက်ပေါင်း ၉၀ အကဲခတ် စောင့်ကြည့်ဖို့အတွက် အကဲခတ် စောင့်ကြည့်သူတွေ စေလွှတ်ရေး ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက စနေနေ့မှာ တညီတညွတ်တည်း အတည်ပြုပေးလိုက်တာပါ။

အဲဒီလို ချထားမယ့် အကဲခတ်စောင့်ကြည့်သူတွေ အတွက် လုံခြုံစိတ်မှုရှိရေး ကိုလည်း ချင့်ချိန်ဆုံးဖြတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကို တာဝန် ပေးအပ်လိုက်ပါတယ်။

မစ္စတာဘန်ကီမွန်းကလည်း လုံခြုံရေးကောင်စီရဲ့ မဲခွဲဆုံးဖြတ်မှုအပေါ် ကြိုဆိုလိုက်ပြီး အကဲခတ် စောင့်ကြည့်သူတွေ လာရောက်နိုင်ရေးအတွက် အခြေအနေတွေ ဖန်တီးပေးဖို့ ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ် အာဆတ်နဲ့ နိုင်ငံအတွင်းက တခြား အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှု ပြုလုပ်အပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ်က ဆီးရီးယား အစိုးရကို ကတိကဝတ် ချိုးဖောက်ပြီး လိမ်ညာလှည့်ဖြားတဲ့ အစိုးရ လို့ စွပ်စွဲပြောဆိုလိုက်တဲ့အပြင် စောင့်ကြည့် အကဲခတ်သူတွေ ချထားတာ တခုတည်းနဲ့တော့ နိုင်ငံအတွင်းက အဓိကရုန်း ဖြစ်နေမှုတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG