သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား နှိပ်ကွပ်မှု စုံစမ်းဖို့ ကုလ တောင်းဆို


ဆီးရီးယား နှိပ်ကွပ်မှု စုံစမ်းဖို့ ကုလ တောင်းဆို
ဆီးရီးယား နှိပ်ကွပ်မှု စုံစမ်းဖို့ ကုလ တောင်းဆို

ဆီးရီးယားနိုင်ငံမှာ အတိုက်အခံ လှုပ်ရှားမှုတွေကို အစိုးရက နှိမ်နင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲထားတာတွေကို အပြည့်အ၀ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုဖို့ အတွက်ကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ဗုဒ္ဓဟူးနေ့မှာပဲ ထပ်မံ တိုက်တွန်းလိုက်တာပါ။

အရပ်သားတွေအပေါ် အလွန်အကျွံ အင်အားသုံး နှိမ်နင်းတာ၊ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းတာတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်တဲ့ အစီရင်ခံစာ တစောင်ကိုလည်း လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားတွေကို ကျည်ဆံအစစ်တွေ အသုံးပြု နှိမ်နင်းခဲ့တာဟာလည်း အဆိုးရွားဆုံးလုပ်ရပ် အဖြစ်နဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲလိုက်တာပါ။

အိမ်နီးချင်း တူရကီနိုင်ငံထဲကို ထောင်ဂဏန်းချီရှိတဲ့ ဆီးရီးယား နိုင်ငံသားတွေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာ အတိုက်အခံတွေအပေါ် နှိမ်နင်းမှုတွေကို အစိုးရစစ်တပ်က တိုးမြှင့် လုပ်ဆောင်လာချိန်မှာပဲ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အစိုးရတပ်တွေ မာရတ် အယ်လ် နူမန် (Maarat al-Numan) မြို့ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြပြီး သံချပ်ကာ ကားတွေနဲ့လည်း မြို့ကို ဝိုင်းဝန်းထားတယ်လို့ မျက်မြင်တွေ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

XS
SM
MD
LG