သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိန်သိပ်မနှောင်းခင် ဆီးရီးယား ပြုပြင်ဖို့ ဘန်ကီမွန်း တိုက်တွန်း


အချိန်သိပ်မနှောင်းခင် ဆီးရီးယား ပြုပြင်ဖို့ ဘန်ကီမွန်း တိုက်တွန်း
အချိန်သိပ်မနှောင်းခင် ဆီးရီးယား ပြုပြင်ဖို့ ဘန်ကီမွန်း တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) အနေနဲ့ အလွန်အကျွံ အင်အားသုံးပြီး အသေအကျေ နှိမ်နင်းနေတာတွေကို ရပ်တန်းက ရပ်ဖို့ သူ ခဏခဏ တောင်းဆိုနေတဲ့ ကြားထဲကပဲ ဆီးရီးယား နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှာ ဒီနေ့ မိန့်ခွန်းပြောကြားရာမှာ မစ္စတာဘန်က မစ္စတာ အာဆတ်ဒ် အနေနဲ့ အရမ်း နောက်ကျမသွားခင်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ သူ တောင်းဆိုခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး အရပ်သားတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ မကျေမနပ် သူက ထောက်ပြလိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ဒီနေ့မှာပဲ ဆီးရီးယား အနောက်မြောက်ပိုင်းက ရွာတရွာကို စစ်ကားတွေထဲက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့တုန်းကလည်း နိုင်ငံအလယ်ပိုင်း ဟုမ်းစ်ဒေသမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ဝင်ရောက်နှိမ်နင်းရာမှာ အနည်းဆုံး လူ ၂၀ သေခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

မနေ့တုန်းကပဲ ပြင်သစ်နိုင်ငံက ဆီးရီးယားမှာ Crimes Against Humanity လို့ခေါ်တဲ့ လူမဆန်တဲ့ ပြစ်မှုကြီးတွေ ဖြစ်နေပြီလို့ စွပ်စွဲလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အယ်လိန်း ယပ်ပီ (Alain Juppe) က နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့မှုတွေလုပ်တာ မှန်တယ်လို့ ပြောလိုက်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) နဲ့ တွေ့ရာမှာ ရုရှားအနေနဲ့လည်း ပိုအားကောင်းတဲ့ ရပ်တည်မှု လုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံ ဆွေးနွေးတာကိုပဲ သုံးဖို့ ဆက်ရပ်တည်ခဲ့ပါတယ်။

အမေရိကန်ဘက်ကလည်း အရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖိအားပေးတာ မရတော့ဘဲ နောက်ထပ် ပိုအားကောင်းတဲ့ ဆုံးဖြတ်ချက်ရဖို့ ဆက်ကြိုးစားသွားရမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG