သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကုလဝန်ထမ်းတွေ ဆီးရီးယားမှ ထွက်ခွာ


A dog, trimmed to look like a lion, walks on the rooftop of Mitsukoshi department store in Tokyo, Japan. One hundred lion looking dogs gathered to celebrate the 100th anniversary of Mitsukoshi department store's mascot lion.
A dog, trimmed to look like a lion, walks on the rooftop of Mitsukoshi department store in Tokyo, Japan. One hundred lion looking dogs gathered to celebrate the 100th anniversary of Mitsukoshi department store's mascot lion.
ဆီးရီးယားနိုင်ငံမှာ တနေ့တခြား ပိုဆိုးလာတဲ့ လုံခြုံရေး အခြေအနေကြောင့် ကုလသမဂ္ဂရဲ့ မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်း တွေကလွဲပြီး ကျန်ဝန်ထမ်းတွေကို နိုင်ငံထဲက ထွက်ခွာခိုင်းလိုက်တဲ့ အချိန် မှာဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့် ရသူ Jihad Makdissi ရာထူးက ထွက်သွားပြီလို့သိရပါတယ်။ Jihad ဟာ ရာထူးကသာမက ဆီးရီးယားနိုင်ငံထဲကပါ ထွက်ခွာသွားပြီလို့ အတိုက်အခံနဲ့ သံတမန် အသိုင်းအဝန်း သတင်းရပ်ကွက်ကပြောဆိုပါတယ်။

သူဟာ လပေါင်း၂၀ ကြာ အစိုးရ ဆန့်ကျင်တဲ့ လူထုအုံကြွမှု ကို Mr. Assad အစိုးရ က အင်အားသုံးဖြိုခွဲခဲ့တဲ့အပေါ် အခိုင်အမာကာကွယ်ပြောဆိုခဲ့သူလဲဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကတော့ ဆီရီးယားရဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုအဖွဲ့ဝင် Jihad Makdissi ကို သူ့ရဲ့ သတင်း မီဒီယာတင်ပြမှုတချို့နဲ့ပါတ်သက်လို့ အစိုးရ အဖွဲ့ဝင်တချို့ရဲ့ ဝေဖန်ပြောဆိုမှုခံခဲ့ရတယ်လို့ သတင်းဌာနတွေကပြောဆိုပါတယ်။

တချိန်တည်းမှာဘဲ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အေဂျင်စီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း၁၀၀ ရဲ့ ၄ ပုံတပုံလောက် ဒီတပါတ်ထဲ ဆီးရီးယားကထွက်ခွာကြဖို့ ရှိပြီး ကျန်တဲ့ဝန်ထမ်းတွေကို လဲ မြို့ပေါ်ကထွက်ခွာခွင့်ကို ကန့်သတ်ထားပါတယ်။ မကြာသေးခင်က ကုလသမဂ္ဂ ရဲ့ ယာဉ်တွေကို ပြန်ပေးဆွဲ သေနက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့သီတင်းပါတ်က Damascus မြို့ လေဆိပ်ကို အသွားလမ်းမှာ ကုလယာဉ်တန်း ၂ ခု ကို သေနတ်နဲ့ ပစ်ခံခဲ့ရပြီး သံချပ်ကာ ကားတွေ ပိုလိုအပ်တယ်လို့ ကုလတာဝန်ရှိသူတွေကပြောဆိုကြပါတယ်။
XS
SM
MD
LG