သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဆဒ်ကို အမေရိကန် သတိပေး


လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဆဒ်ကို အမေရိကန် သတိပေး
လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဆဒ်ကို အမေရိကန် သတိပေး

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။ ဆီးရီးယားနိုင်ငံမှာ အပစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် ကိစ္စအားလုံးကို အမေရိကန်နဲ့ မဟာမိတ်တွေက စဉ်းစားရမှာဖြစ်ပြီး ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ပြတ်ပြတ်သားသား ပြောရမယ့် အနေအထား ရောက်နေပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဆီးရီးယား နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်နေမှုတွေနဲ့ အတိုက်အခံတွေကို မချေမုန်းဖို့အတွက် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို လစ်လျူရှုနေတဲ့ ဆီးရီးယားသမ္မတ အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။ ဆီးရီးယားမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ထောင်နဲ့ချီ သေဆုံးရမှုတွေ အဆုံးသတ်စေဖို့အတွက် ထပ်မံကြိုးစားတဲ့အနေနဲ့ တူနီးရှားနိုင်ငံမှာ သောကြာနေ့က နိုင်ငံပေါင်း ၇၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဝန်ကြီးကလင်တန်က ပြောသွားတာပါ။

Friends of Syria လို့ခေါ်တဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေ ဦးဆောင်တဲ့ အဖွဲ့ဟာ တူနီးရှားနိုင်ငံ တူးနစ် မြို့မှာ စုဝေး တွေ့ဆုံကြပြီး ဆီးရီးယား အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ အားလုံးကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့နဲ့ ဆိုးဆိုးရွားရွား ထိခိုက်မှုရှိနေတဲ့ ဒေသတွေအတွက် နိုင်ငံရပ်ခြားက လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ မစ္စတာ အာဆဒ် အစိုးရအနေနဲ့ ဆီးရီးယား ပြည်သူတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တင်ပြချက်ကို လိုက်နာဖို့ ငြင်းဆန်နေမယ်ဆိုရင် အတိုက်အခံအဖွဲ့ကို လက်နက် တပ်ဆင်ပေးဖို့ကိုလည်း တက်ရောက်လာတဲ့ နိုင်ငံတွေက စဉ်းစားကြဖို့ ဆီးရီးယား အမျိုးသားကောင်စီက တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG