သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ဝန်ကြီးကလင်တန် တိုက်တွန်း


ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ဝန်ကြီးကလင်တန် တိုက်တွန်း
ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ဝန်ကြီးကလင်တန် တိုက်တွန်း

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် ဆီးရီးယား အစိုးရက ဖြိုခွင်းနေမှုတွေကို ရပ်တန့်သွားရေးနဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် ရာထူးက ဖယ်ရှားပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေရေး တွန်းအားပေး လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီးရီးယားရဲ့ ဒီမိုကရေစီမိတ်ဆွေ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေ ရပ်တန့်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သမ္မတ အာဆဒ်က ဒုတိယသမ္မတထွ အာဏာလွှဲပြောင်းပေးဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို အပြည့်အ၀ ထောက်ခံတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံနဲ့ ရုရှားတို့က ဗီတို အာဏာပြု ပယ်ချခဲ့ပြီးတဲ့နောက် ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ (Sofia) မှာ ဝန်ကြီး ကလင်တန်က အခုလို တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စနေနေ့တုန်းက ဗီတိုအာဏာ အသုံးပြုမှုကို ရယ်စရာကောင်းတဲ့ လုပ်ရပ်လို့ ပြောင်လှောင်လိုက်ပြီး မစ္စတာ အာဆဒ်အစိုးရ စစ်ယန္တရား အထောက်အပံ့တွေ ခမ်းခြောက်သွားအောင်နဲ့ ဒေသတွင်း တခြား နိုင်ငံတွေက ပြုလုပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အတူတကွ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောလိုက်ပါတယ်။

အယူအဆ တူညီတဲ့ နိုင်ငံတွေအနေနဲ့ ဆီးရီးယားနိုင်ငံတွင်းနဲ့ ပြင်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ပေါင်းစည်းသွားဖို့၊ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့နဲ့ ဆီးရီးယား အစိုးရအပေါ် လက်နက် ရောင်းချမှုတွေကို စောင့်ကြည့်သွားဖို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအထဲမှာ တူရကီ၊ အာရပ်တိုင်းပြည်တွေနဲ့ အနောက် ဥရောပနိုင်ငံတွေ ပါဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်တဲ့ Nabil Elaraby ကတော့ ဆီးရီးယား ပြဿနာကို အဖြေရှာဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG