သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ထိပ်တန်း တာဝန်ရှိသူတွေကို အမေရိကန်ဒဏ်ခတ်


ဆီးရီးယား ထိပ်တန်း တာဝန်ရှိသူတွေကို အမေရိကန်ဒဏ်ခတ်

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို အင်အားသုံး နှိပ်ကွပ်နေတာကြောင့် အမေရိကန် ပြည်ထောင်စုက ဆီးရီးယား ထိပ်တန်းတာဝန်ရှိသူ ၃ ဦးကို တားဆီးပိတ်ဆို့မှုတွေလုပ်ပြီး အရေးယူလိုက်ပါပြီ။ ဆီးရီးယား ထောက်လှမ်းရေးနဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်က ထိပ်ပိုင်း တာဝန်ရှိသူတွေကို အရေးယူလိုက်တာပါ။

အမေရိကန်မှာရှိတဲ့ သူတို့ပိုင်ဆိုင်တဲ့ အခြေပစ္စည်းတွေအားလုံး ချိတ်ပိတ်ဖို့နဲ့ အမေရိကန် ကုမ္ပဏီတွေအားလုံး သူတို့နဲ့ဆက်စပ်တဲ့ လုပ်ငန်းမှန်သမျှကို အကျုံးမဝင်ကြောင်း သမ္မတအိုဘားမားက အုပ်ချုပ်မှုအာဏာအရ သောကြာနေ့က အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာပါ။

လက်တွေ့မှာတော့ ဒီပိတ်ဆို့မှုဟာ ထိရောက်တယ်လို့ ပြောလို့မရပေမဲ့ ဆီးရီးယားသမ္မတ အာဆဒ်အစိုးရက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းနေတာကို ကန့်ကွက်တဲ့သဘောကို သရုပ်ဖေါ်လိုက်တာပဲလို့ ဆိုပါတယ်။ အခုပစ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်ကဘဏ်တွေမှာ သိပ်များများ ရှိပုံတော့ မရဘူးလို့ ယူဆရပါတယ်။

သမ္မတအာဆဒ်ရဲ့ညီ ဆီးရီးယား သံချပ်ကာတပ်က တပ်မှူးကြီး Mahir al Assad၊ ညီဝမ်းကွဲတော်သူ ဒါရအာခရိုင် နိုင်ငံရေးနဲ့ လုံခြုံရေးဌာန အကြီးအကဲဟောင်း Atif Najib နဲ့ ဆီးရီးယား ထောက်လှမ်းရေး အေဂျင်စီအကြီးအကဲ Ali Mamluk တို့ ၃ ဦးကို ဒါရအာမြို့မှာ ဆန္ဒပြ အရပ်သားတွေကို သတ်ဖြတ်မှုတွေ ကြောင့် အခုလို သူတို့ကို ဒဏ်ခတ်လိုက်တာပါ။

ဆီးရီးယားက လတ်တလော အဖြစ်အပျက်တွေ အပါအဝင် ကမ္ဘာတဝန်း စစ်သွေးကြွတွေကို ပံ့ပိုးနေတဲ့ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က Quds တပ်ဖွဲ့ကိုလည်း အမေရိကန်က ဒဏ်ခတ်ထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG