သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆိုင်ရာ သံအမတ်ကြီး အမေရိကန် ပြန်ခေါ်

ဆီးရီးယားဆိုင်ရာ သံအမတ်ကြီး အမေရိကန် ပြန်ခေါ်
ဆီးရီးယားဆိုင်ရာ သံအမတ်ကြီး အမေရိကန် ပြန်ခေါ်

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ပူပန်တဲ့အတွက် အမေရိကန်နိုင်ငံက ပြန်ပြီးခေါ်ယူလိုက်ပါတယ်။ သံအမတ်ကြီး ရောဘတ်ဖို့ဒ် (Robert Ford) ရဲ့ အသက်အန္တရာယ်ကို ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရတဲ့အတွက် ဒီလိုဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ မာ့ခ်တိုနာ (Mark Toner ) က တနင်္လာနေ့မှာ ပြောဆိုလိုက်တာပါ။

သံအမတ်ကြီး ဖို့ဒ်ဟာ ဆီးရီးယားကနေ ရက်အနည်းငယ်ကတည်းက ထွက်ခွာခဲ့ပြီးဖြစ်ကြောင်းလည်း အမေရိကန်အရာရှိတွေက ပြောပါတယ်။ အခုချိန်မျိုးမှာ သံအမတ်ကြီးကို ဘယ်တော့ပြန်သွားခိုင်းမယ် ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း မစ္စတာ တိုနာက ပြောပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ သံအမတ်ကြီးအပေါ် ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တဲ့အကြောင်းလည်း မစ္စတာ တိုနာက ပြောပါတယ်။

သံအမတ် ဖို့ဒ်ဟာ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) ရာထူးကဆင်းပေးဖို့ ဆန္ဒပြသူတွေအပေါ် အစိုးရက နှိမ်နင်းနေမှုကို ဆန့်ကျင်ပြောဆိုတဲ့အတွက် ဆီးရီးယားအစိုးရဘက်က ဒေါသထွက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံ သံအမတ်ကြီးတွေဟာ ဆန္ဒပြပွဲရှိရာနေရာကို သွားရောက်အားပေးမှုကို ပြုလုပ်ပြီးတဲ့နောက်ပိုင်း သံအမတ်ကြီးတွေရဲ့ လှုပ်ရှားမှုတွေကို ဆီးရီးယားအစိုးရက ကန့်သတ်တဲ့အမိန့်ကို ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG