သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာ တတိယအကြိမ် ဆွေးနွေးဖို့ အစီအစဉ်အပေါ် ရုရှားအစိုးရက အသိအမှတ်ပြု လက်ခံလိုက်တဲ့အတွက် စစ်ဘေးဒဏ် သင့်နေတဲ့ ဆီးရီးယားနိုင်ငံ အရေးအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့အကြား မတူကွဲပြားနေမှုတွေ ကို ပေါင်းကူး ဆက်စပ်နိုင်မယ့် အရိပ်လက္ခဏာတွေ တွေ့လာနေရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားသမ္မတ Vladimir Putin နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့နဲ့ မော်စကိုမြို့တော်မှာ တွေ့ ဆုံပြီးတဲ့နောက် ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ရုရှားအစိုးရက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား အချက်တိုင်းမှာ အမြင်မတူညီမှုတွေ ရှိကြပေမဲ့ အခြေခံအားဖြင့်တော့ တူညီတဲ့ သဘောထားရှိကြတယ်လို့ Mr. Kerry က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့မှာ အသွင်သဏ္ဍန် တူညီတဲ့ စိန်ခေါ်မှုတွေ အန္တရာယ်တွေ ရင်ဆိုင်နေရသလို၊ နှစ်နိုင်ငံစလုံးရဲ့ လိုလားချက်ကလည်း အတူတူပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှု နှိမ်နင်းရေးကိစ္စတွေမှာ အရှိန်မြှင့်ပြီး လုပ်ဆောင်ဖို့ အမေရိကန်နဲ့ ရုရှားအစိုးရတို့ကြား တူညီတဲ့ သဘောထားရှိကြတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ဆက်လက် စာရင်းပြုစုကြဖို့နဲ့ စစ်ဘက်ရေးရာ အရေးယူ ဆောင်ရွက်ချက်တွေကို အနီးကပ် ပူးပေါင်း ညှိနှိုင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ ပြောပါတယ်။

သောကြာနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် အစည်းအဝေးပြီးရင် ISGG လို့ အတိုကောက် အမည်ပေးထားတဲ့ နိုင်ငံတကာ ဆီးရီးယား ထောက်ခံမှု ပေးရေးအဖွဲ့ကနေ ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂထံ တင်သွင်းနိုင်ဖို့ မျှော်လင့်ထားကြောင်း Mr. Lavrov က ပြောပါတယ်။

XS
SM
MD
LG