သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကန်-ရုရှား သဘောတူညီမှုမရ


ဆီးရီးယားတိုက်ပွဲမြင်ကွင်း (ဇန်နဝါရီလ ၁၁၊ ၂၀၁၃)
ဆီးရီးယားတိုက်ပွဲမြင်ကွင်း (ဇန်နဝါရီလ ၁၁၊ ၂၀၁၃)
ဆီရိးယားနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဆွေးနွေးပြောဆိုခဲ့တာဟာ တစုံတရာ တိုးတက်မှုမရရှိဘဲ အဆုံးသတ်ခဲ့တယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးသံကိုယ်စားလှယ် လက်ခ်ဒ် ဘရာဟီမီက ပြောလိုက်ပါတယ်။

ဘရာဟီမီဟာ ကုလသမဂ္ဂရဲ့ ဥရောပရုံးချုပ်မှာ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov ၊ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns တို့နဲ့ တံခါးပိတ် ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။
ဒီပြဿနာကို နိုင်ငံရေးအရအဖြေရှာဖို့အရေးကြီးတယ်ဆိုတာကို အားလုံးက မီးမှောင်ထိုးပြနေတယ်လို့ ဘရာဟီမီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို သိပ်မကြာခင် အနာဂတ်မှာ ဖြေရှင်းနိုင်ဖို့ အလားအလာမရှိဘူးဆိုတာကိုတော့ သူက ဝန်ခံ သွားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ မှာ တိုက်ပွဲတွေ ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ အဓိက လေတပ် အခြေစိုက်စခန်းတခုကို သူပုန်က သိမ်းယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့ တချိန်တည်းမှာပဲ အခုတွေ့ဆုံမှုဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားသူပုန်အဖွဲ့တွေက နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အစိုးရလေတပ်စစ် အခြေစိုက်စခန်းကို လုံးဝသိမ်းယူနိုင်လိုက်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ ဆီးရီးယားအစိုးရက နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့ကို ဆီးရီးယားနိုင်ငံကို လာရောက်ခွင့်မပြုတဲ့အတွက် ဒီသတင်းကို သီးခြားအတည်ပြုချက်တော့ ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
XS
SM
MD
LG