သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအဆိပ်ငွေ့သုံးမှု ကမ္ဘာ့စည်းချိုးဖေါက်ခြင်းဖြစ်


အမေရိကန်ကာကွယ်ရေးဝန်ကြီး John Kerry talks (ယာ) နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ် Nabil Elaraby တို့ ပဲရစ္စ်မြို့မှာတွေ့ဆုံစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၃)
အမေရိကန်ကာကွယ်ရေးဝန်ကြီး John Kerry talks (ယာ) နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ် Nabil Elaraby တို့ ပဲရစ္စ်မြို့မှာတွေ့ဆုံစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၃)
Bashar al-Assad အစိုးရ ဓာတုလက်နက်သုံးစွဲမှု ရပ်သွားအောင် အမေရိကန်ဦးဆောင်ပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ပြင်ဆင်နေတာဟာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယားပြည်တွင်းစစ်ကို ဝင်တိုက်ဖို့ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရအပေါ်ဆန့်ကျင်သူတွေ အဓိက နေထိုင်တဲ့ Damascus မြို့ရပ်ကွက်အပေါ် August ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့မှုဟာ နိုင်ငံတကာမှာ တားမြစ်ထားတဲ့ စည်းကို ကျော်လိုက်တာပဲဖြစ်တယ်လို့ သူကပြောပါတယ်။ ပြင်သစ်နိုင်ငံ Paris မြို့တော်မှာ အာရပ်နိုင်ငံများအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ဆီးရီးယားအရေး ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့အပြီး သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရအပေါ် စစ်ရေးအရတိုက်ခိုက်မှာကို အမေရိကန်ပြည်သူတွေနဲ့ လွှတ်တော်က ထောက်ခံအောင် ကလေး ၄၀၀ ကျော်ပါဝင်တဲ့ လူပေါင်း ၁ ထောင့် ၄ ရာကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု Video ကို အမေရိကန်အစိုးရက ဖြန့်ဝေမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဲဒီ Video တွေထဲမှာ တိုက်ခိုက်မှုကြောင့် လူတွေ၊ ကလေးငယ်တွေ သေဆုံးကြတာဖြစ်လို့ အမေရိကန်အနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်ဦးဆောင်မဲ့ လေကြောင်းတိုက်ခိုက်မှုကို အကူအညီပေး မပေးဆိုတာ လာမဲ့ ၂၄ နာရီအတွင်းမှာ အာရပ်နိုင်ငံတွေက အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Kerry ကပြောပါတယ်။

ဆီးရီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ရှင်းလင်းချက်ကို လွှတ်တော်မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ လုပ်ဖို့ အစီအစဉ်ရှိပါတယ်ရှင်။
XS
SM
MD
LG