သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အကြမ်းဖက်မှု လူ ၂၀ သေ

ဆီးရီးယား အစိုးရ သတင်းဌာန ဆာနား (SANA) မှ ထုတ်ပြန်သော အစ်ဒ်လစ်ဘ်(Idlib)မြို့ ဗုံးပေါက်ကွဲရာ နေရာ တစ်ခုအား တွေ့ရစဉ်။ ဧပြီ ၃၀၊ ၂၀၁၂။
ဆီးရီးယား အစိုးရ သတင်းဌာန ဆာနား (SANA) မှ ထုတ်ပြန်သော အစ်ဒ်လစ်ဘ်(Idlib)မြို့ ဗုံးပေါက်ကွဲရာ နေရာ တစ်ခုအား တွေ့ရစဉ်။ ဧပြီ ၃၀၊ ၂၀၁၂။

ဒီကနေ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ဘ်(Idlib)မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံးလူ(၂၀) သေဆုံးသွားခဲ့တယ်လို့၊ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး (Syria Observatory for Human Rights) အဖွဲ့က ပြောလိုက်ပြီးတော့၊ ဒီတိုက်ခိုက်မှုတွေဟာ ဆီးရီးယား ကြည်းတပ်၊ လေတပ်တို့ရဲ့ ထောက်လှမ်းရေး အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ SOHR အဖွဲ့က ဆိုပါတယ်။

ဆီးရီးယားအစိုး ရရဲ့ ဆာနား (SANA) သတင်းဌာနကလည်း အသေခံဗုံးခွဲအကြမ်းဘက်သမားတွေက လူအများအပြားသေဆုံးစေဖို့ ရည်ရွယ်ခဲ့ပေမယ့်၊ အနည်းဆုံး လူ (၉) ဦး သေဆုံးခဲ့ရ ပြီး လူ (၁၀၀) ကျော် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ကြေညာပါတယ်။ ဒမတ်(စ်)ကပ်(စ်) (Damascus) မြို့တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို လှည်လည်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့လည်း ဆာနSANA သတင်းဌာနက ဆိုပါတယ်။ ဆီးရီးယား ဗဟိုဘဏ်ကိုလည်း RPG လောင်ချာဗုံးသီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် အဆောက်အအုံသာ အနည်းငယ် ပျက်စီးခဲ့ပေမယ့်၊ လူအထိအခိုက် မရှိဘူးလို့ လည်း၊ SANA သတင်းဌာနက ဆိုပါတယ်။

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သမားတွေက RPG လောင်ချာနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ရဲလေးဦး ဒဏ်ရာတွေ ရရှိသွားခဲ့ တယ်လို့ ဆာနား (SANA) သတင်းဌာနက ထပ်ပြီးပြောခဲ့ပါတယ်။ မနေ့က ဧပြီ (၂၉)ရက်နေ့မှာ ဆီးရီးယားကို ရောက်ရှိလာတဲ့ ကုလ သမဂ္ဂရဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် နော်ဝေနိုင်ငံက ဗိုလ်ချုပ် ရောဘတ်မုဒ် (Major General Robert Mood) က အစိုးရတပ်တွေနဲ့ အတိုက် အခံတပ်တွေ တိုက်ခိုက် နေကြတာတွေကို နှစ်ဘက်လုံးရပ်ဆိုင်းပြီး အပစ်အခတ်ရပ်စဲရေး တည်တံ့နေအောင်လုပ်ဆောင်ကြဖို့၊ နှစ်ဘက်လုံးကို တောင်းဆိုခဲ့ ပြီး နောက်တစ်နေ့ မှာပဲ ဆီးရီးယားမှာ အကြမ်းဘက်တိုက်ခိုက်မှုအသစ်တွေ ဖြစ်ပေါ်ခဲ့တာပါ။

This item is part of
XS
SM
MD
LG