သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားခမောက်ဖြူအဖွဲ့ကို ဆီးရီယား ကယ်ထုတ်


ဆီးရီးယားနိုင်ငံတွင်းက ကယ်ဆယ်ရေး အဖွဲ့ White Helmet - ခမောက်ဖြူ အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်း လူဦးရေ ၈၀၀ လောက်ကို အစ္စရေးလ်က ကယ်ထုတ်ခဲ့ပြီး အစ္စရေးလ် ရဲတပ်ဖွဲ့၊ ကုလသမဂ္ဂ ယာဉ်တန်းတွေ အစောင့်အရှောက်နဲ့ မနေ့ စနေနေ့ညက ခရီးသည်တင်ကားတွေနဲ့ ဂျော်ဒန် နိုင်ငံကို ခေါ်ယူသွားပြီ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေကို အရပ်သားတွေ အဖြစ် သတ်မှတ်ပြီး အစ္စရေးလ် ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ ရေးသားချက်မှာတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြောင့် ဆီးရီးယားနိုင်ငံ တောင်ပိုင်း စစ်ဇုံ အတွင်းကနေ အရပ်သားတွေကို ကယ်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ချွင်းချက်နဲ့ ကယ်ထုတ်လာတဲ့ ဆီးရီးယားနိုင်ငံသားတွေကို အစ္စရေးလ်ကို ဖြတ်ပြီး ပို့ဆောင်ပေးခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေဘက်က ပန်ကြားချက်နဲ့ အခုလို ကယ်ထုတ်ပေးခဲ့တာလို့လည်း အစ္စရေးလ် ကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုထားပါတယ်။ အိမ်နီးချင်း နိုင်ငံတခုထံကို ပို့ဆောင်ပေးခဲ့တယ်လို့ အစ္စရေးလ်ဘက်က ပြောပေမယ့် ဂျော်ဒန်နိုင်ငံလို့တော့ ရည်ညွှန်းပြောဆိုခြင်း မရှိပါဘူး။ ဂျော်ဒန်နိုင်ငံထဲက ကန့်သတ် နယ်မြေတခုမှာ ဆီးရီးယားတွေကို ထားရှိထားကြောင်း ဂျော်ဒန် နိုင်ငံပိုင် သတင်းအေဂျင်စီ Petra က ဖော်ပြပါတယ်။ ဒီလူတွေကို ၃ လအတွင်း ပြန်လည်နေရာချထားရေး ဆောင်ရွက်ဖို့ ဗြိတိန်၊ ဂျာမနီနဲ့ ကနေဒါတို့က သဘောတူထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG