သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားသတိပေးချက် ဆီးရီးယားပယ်ချ


ရုရှနိုင်ငံ မော်စကိုမြို့ တော်ကိုရောက်ရှိနေတဲ့ ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ဆီးရီးယားနိုင်ငံထဲကို အနောက်နိုင်ငံတွေရဲ့ တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ဒါဟာ အရှေ့အလယ် ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ရပ်ကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဆိုပါတယ်။
ရုရှနိုင်ငံ မော်စကိုမြို့ တော်ကိုရောက်ရှိနေတဲ့ ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ဆီးရီးယားနိုင်ငံထဲကို အနောက်နိုင်ငံတွေရဲ့ တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ဒါဟာ အရှေ့အလယ် ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ရပ်ကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဆိုပါတယ်။
မနေ့က သြဂုတ်လ ၂၁ ရက်နေ့က၊ ဆီးရီးယား ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ် (Qadri Jamil) က၊ အနောက်နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ဖို့ အကြောင်းပြချက် တစ်ရပ်ကို ရှာနေကြတယ်လို့ စွပ်စွဲလိုက်ပြီး၊ ဒီလိုလုပ်လို့ မရနိုင်ဘူးလို့လည်း သူကဆိုလိုက်ပါတယ်။

ရုရှနိုင်ငံ မော်စကိုမြို့ တော်ကိုရောက်ရှိနေတဲ့ ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ဆီးရီးယားနိုင်ငံထဲကို အနောက်နိုင်ငံတွေရဲ့ တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ဒါဟာ အရှေ့အလယ် ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ရပ်ကို ဖြစ်ပေါ်စေလိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။ ဆီးရီးယားက ဓါတုဗေဒလက်နက်တွေ သုံးစွဲခဲ့ရင် ဆိုပြီး တနင်္လာနေ့က အမေရိကန်သမ္မတအိုဘားမား သတိပေးပြောကြားခဲ့တာကိုလည်း ဒုဝန်ကြီးချုပ် ကွာဒရီဂျမေးလ်က ပယ်ချလိုက်ပြီးတော့၊ ဒါဟာ လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ဝါဒဖြန့်တာ သက်သက်ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က သမ္မတအိုဘားမားက ဒေသတွင်း ဆီးရီးယားအရေးမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးကို၊ ဓါတုဗေဒလက်နက်တွေ သုံးခဲ့ရင် ဒါဟာ မလုပ်သင့်မလုပ်ထိုက်တာကို စည်းတားထားမှုကို ကျော် ဖြတ်ခြင်းအဖြစ် မှတ်ယူပြီး ဆီးရီးယားအရေး အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြောင်းလဲသွားမယ်လို့၊ သတိပေးခဲ့ပါတယ်။

မနေ့ကလည်း၊ ဆီးရီးယား က အလက်ပို(Allepo) မြို့က တိုက်ပွဲွကြားမှာ၊ ပိတ်မိနေတဲ့ ဂျပန်အမျိုးသမီး သတင်းထောက် မိခ ယာမာမိုတို (Mika Yamamoto)ဟာ ကျည်သင့်ပြီး သေဆုံး သွားခဲ့ရပါတယ်။ မစ္စယာမာမိုတိုဟာ တိုကျိုမြို့အခြေစိုက် Japan Press သတင်းဌာနရဲ့ သတင်းထောက်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
XS
SM
MD
LG