သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ တိုက်နေကြောင်း Hezbollah ဝန်ခံ


Hezbollah ခေါင်းဆောင် Hassan Nasrallah
Hezbollah ခေါင်းဆောင် Hassan Nasrallah
ဆီးရီးယားနိုင်ငံရဲ့သမ္မတ Bashar al-Assadကို ဝိုင်းတိုက်ခိုက်နေကြတာကို သူတို့အဖွဲ့က လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ Hezbollah အဖွဲ့က ပြောလိုက်ပါတယ်။ လက်ဘနွမ်ကို သဘောထားတင်းမာတဲ့ အစ္စလာမ်ဝါဒီတွေ လက်ကနေ ကာကွယ်ဖို့အတွက် ဆီးရီးယားနိုင်ငံမှာ Hezbollah အဖွဲ့တွေ သွားပြီးတော့ တိုက်ပွဲဝင်နေကြတယ်လို့ မစ္စတာ Hassan Nasrallahက စနေနေ့က မိန့်ခွန်းပြောသွားတာဖြစ်ပါတယ်။ ဒါဟာ ဆီးရီးယားနိုင်ငံမှာ Hezbollah တပ်ဖွဲ့ဝင်တွေ ဝင်ရောက် တိုက်ခိုက်နေတာပါဆိုတာကို မစ္စတာ Nasrallah က လူသိရှင်ကြား ပြောကြားသွားတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မဟာဗျူဟာကျတဲ့ Qusair မြို့ကို သူပုန်တိုက်ခိုက်ရေးသမားတွေ လက်ထဲကနေပြီးတော့ ပြန်ရယူဖို့ တစ်ပတ်ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေထဲမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ လက်ဘနွမ်အခြေစိုက် Hezbollah အဖွဲ့က တိုက်ခိုက်ရေးသမားတွေက အပြင်းထန်ဆုံး ပစ်ခတ်မှုတွေ လုပ်ဆောင်နေချိန်မှာပဲ အခုလိုမျိုး Hezbollah အကြီးအကဲက ပြောကြားသွားတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စနေနေ့ကပဲ လူ ၂၂ဦးသေဆုံးသွားတယ်လို့ အတိုက်အခံကို ထောက်ခံတဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ လက်ဘနွန်နိုင်ငံထဲ သွားတဲ့ ထောက်ပို့ရေးလမ်းကြောင်းတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ သူပုန်တွေက ဒီ Qusair မြို့ကို ဆက်လက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG