သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမှာ ဆီးရီးယားဒုက္ခသည်ဦးရေ အများဆုံးဖြစ်တော့မည်


ဆီးရီးယားနိုင်ငံသားတွေဟာ ကမ္ဘာ့ဒုက္ခသည်ဦးရေအများဆုံး တိုင်းပြည်အဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို ကျော်တော့မယ်လို့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိက ပြောလိုက်ပါတယ်။

ဒါ့အပြင် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက ထွက်ပြေး လာသူတွေဟာလည်း သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်မချမ်းမြေ့ဘွယ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်တွေက မလွတ်မြောက်နိုင်ကြဘူးလို့ ဆိုပါတယ်။

ဆီးရီးယားဒုက္ခသည် ၂ သန်းခွဲကို လက်ခံထားကြတဲ့ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေကို နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ကူညီကြဖို့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က တိုက်တွန်း ပြောကြားသွားတာပါ။

၃ နှစ်လောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်တွေအပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့လည်း သူက အလေးထား ပြောကြားခဲ့ပါတယ်။ အရပ်သား အတော်များများလည်း တိုက်ပွဲတွေကြားမှာ ပိတ်မိနေကြတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အဲဒီအထဲက ၂ သိန်းကျော်လောက်ဟာ အစိုးရတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အတိုက်အခံ တော်လှန်ရေးအုပ်စုတွေရဲ့အောက်မှာတော့ ၄ သောင်းခွဲရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဒုက္ခသည်တွေလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ နှစ်ဖက်စလုံးက ခွင့်ပြုရမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
XS
SM
MD
LG