သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ညှဉ်းပမ်းနှိပ်စက်မှုမှတ်တမ်း လုံခြုံရေးကောင်စီစစ်ဆေး


ဆီးရီးယားလေတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို သယ်ယူလာပုံ။
ဆီးရီးယားလေတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို သယ်ယူလာပုံ။
ဆီးရီးယား အစိုးရက ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်ထားတဲ့ အထောက်အထားတွေအဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အင်္ဂါနေ့က ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

ဓာတ်ပုံတွေမှာတော့ မျက်လုံးတွေကို ထိုးဖောက်ထားတာတွေ၊ လည်ပင်း အညှစ်ခံထားရတာတွေ၊ အချိန်အတော်ကြာ အစာရေစာ အငတ်ထားတဲ့ ပုံတွေလည်း ပါဝင်ခဲ့တာပါ။

ဆီးရီးယား စစ်တပ်မှာ တပ်ထိန်းအဖြစ် အမှုထမ်းခဲ့ဖူးသူ တဦးက ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံပေါင်း ၅ သောင်းခွဲလောက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ အလွတ်သဘော လေ့လာနိုင်ဖို့အတွက်ကိုတော့ ပြင်သစ်နိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က အရေးယူကိုင်တွယ်နိုင်မယ့် ဆုံးဖြတ်ချက်တရပ်ကို အဆိုပြုဖို့ ရည်ရွယ်ထားတဲ့အတွက်၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ ဓာတ်ပုံအထောက်အထားတွေကို ကြည့်ရှုလေ့လာဖို့ အရေးကြီးတဲ့အကြောင်းလည်း ကုလသမဂ္ဂရဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Gerard Araud က ပြောဆိုခဲ့တာပါ။

ဓာတ်ပုံတွေကို ကြည့်ရှုခဲ့ကြပြီး နောက်မှာတော့ အဖွဲ့ဝင်တွေ တိတ်ဆိတ်သွားခဲ့ကြတယ်လို့လည်း ပြင်သစ်သံအမတ်ကြီးက ပြောပါတယ်။

ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်လို့ the Hague မြို့မှာရှိတဲ့ ICC မှာ ရုံးတင်စစ်ဆေးဖို့ နိုင်ငံပေါင်း ၆၀ လောက်က တောင်းဆိုနေကြပေမဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုကသာ ဆုံးဖြတ်ခွင့် ရှိနေတာပါ။

Ceaser လို့ လျှိူ့ဝှက်နာမည်ပေးထားတဲ့ ဆီးရီးယားစစ်တပ်က ဓာတ်ပုံဆရာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုတော့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ ဆေးပညာရှင်တွေက လေ့လာစစ်ဆေးထားကြပါတယ်။
XS
SM
MD
LG