သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံ၊ Aleppo မြို့မှာ ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြာခင် နာရီအနည်းငယ်အတွင်း ကြေညာနိုင်လိမ့်မယ်လို့ ရုရှာနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒါဟာ အသစ်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတဲ့အချိန်မှာပဲ အဲဒီလို ပြောကြားလိုက်တာပါ။

သဘောတူညီချက်ဟာ မကြာတော့တဲ့ အနာဂတ်ကာလ၊ နာရီအနည်းငယ်အတွင်းမှာ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် Staffan de Mistura နဲ့ မော်စကိုမြို့မှာ တွေ့ဆုံအပြီး ၀န်ကြီး Lavrov က အဲဒီ ပြောကြားလိုက်တာပါ။

ပျက်လုနီးပါး ဖြစ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ Aleppo မြို့မှာ အပစ်အခတ်ရပ်စဲလိုက်တာနဲ့ ပြန်စနိုင်လိမ့်လို့ De Mistura က ပြောပါတယ်။ Aleppo မြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်သလို စီးပွားရေး အချက်အခြာမြို့လည်း ဖြစ်ပေမယ့် စစ်ပွဲတွေကြောင့် မြို့အတွင်းက ရပ်ကွက် အတော်များများမှာရှိတဲ့ အဆောက်အဦးတွေဟာ ပြိုကျ ပျက်စီးနေတာပါ။

ဒါပေမဲ့ တိုင်းပြည်မြောက်ပိုင်းမှာ တည်ရှိတဲ့ အဲဒီမြို့က အစိုးရ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေထဲကို အနဲဆုံး ဒုံးကျည် ၆၅ ခုလောက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG