ဆီးရီးယားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ နှစ် ၅၀ နီးပါး ပြဋ္ဌာန်းလာခဲ့တဲ့ အရေးပေါ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးဖို့ ဥပဒေမူကြမ်းတရပ်ကို ဒီကနေ့ ဆီးရီးယား အစိုးရက အတည်ပြု ပေးလိုက်ပြီလို့ ဆီးရီးယား အစိုးရရဲ့ SANA သတင်းဌာနက ဆိုပါတယ်။
ဒါ့အပြင် အနာဂတ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုတဲ့ ဥပဒေသစ်၊ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးတင်စစ်ဆေးတဲ့ လုံခြုံရေးဆိုင်ရာ တရားရုံးကို ဖျက်သိမ်းလိုက်တဲ့ ဥပဒေတွေကိုလည်း အတည်ပြုပေးလိုက်တယ်လို့ SANA သတင်းကဆိုပါတယ်။
အရေးပေါ်အုပ်ချုပ်ရေး ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို သမ္မတ ဘက်ရှားအယ်လ်အာဆဒ် က လက်မှတ်ရေးထိုးပြီးမှပဲ ဥပဒေအဖြစ်နဲ့ အတည်ပြုပြီး အရေးပေါ်အုပ်ချုပ်ရေး ဆီးရီးယားမှာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။