ငလျင်ဘေးသင့်ကလေး ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရ
ဆီရီးယားနိုင်ငံမှာ ငလျင်ဒဏ်သင့်ကလေးတစ်ဦး ကမ္ဘာ့ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုကို တွေ့ချင်တဲ့ ဆန္ဒတွေပြည့်သွားရပါတယ်။ သူရဲ့ ဆန္ဒကိုပြောထားတဲ့ ဗွီဒီယို အွန်လိုင်းမှာ ကြည့်ရှုသူ ၂ သန်းကျော်ပြီး သူ့ကို ဆော်ဒီအားရေးဘီးယားနိုင်ငံမှာ ရော်နယ်ဒိုနဲ့ လာတွေ့ဖို့ သူ့ဗွီဒီယိုကိုတွေ့သွားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံ ဖျော်ဖြေရေးအာဏာပိုင်အဖွဲ့ ဥက္ကဌက ကလေးနဲ့ မိခင်ကို ခေါ်ယူပေးတာဖြစ်ပါတယ်။ သူ ရော်နယ်ဒိုကိုတွေ့တော့ ဝမ်းသာအားရပြေးဖက်တဲ့ ဗွီဒီယိုကတော့ ကြည့်ရှုသူ ၆ သန်းကျော် ရှိပါတယ်။