သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဗုံးပေါက်ကွဲမှု ဝန်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက်


ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ဝန်ကြီးချုပ် ဝဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ဝန်ကြီးချုပ် လွတ်မြောက်သွားပါတယ်။

တိုက်ခိုက်မှုဟာ မြို့တော်ရဲ့မြောက်ပိုင်း Mazzeh မြို့နယ်အတွင်း ဒီကနေ့ တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပေမဲ့ ဝန်ကြီးချုပ်ကတော့ တစုံတရာ အနာတရမရရှိဘဲ လွတ်မြောက်သွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။

သတင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲမှုလို့ သုံးနှုံးသွားပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်စေဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အတိုက်အခံတွေကို အစိုးရအာဏာပိုင်တွေဘက်က အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။

Damascus မြို့တော်ရဲ့ Mazzeh မြို့နယ်အတွင်းမှာ ထိပ်တန်းအစိုးရအရာရှိတွေ အများအပြား နေထိုင်ကြပါတယ်။
XS
SM
MD
LG