သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပြဿနာ ကြောင့် ကန်-ရုရှား စစ်ဖြစ်ဖွယ် မရှိ


သမ္မတ အိုဘားမားရဲ့ သောကြာနေ့က အိမ်ဖြူတော် မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ (အောက်တိုဘာ ၂၊ ၂၀၁၅)
သမ္မတ အိုဘားမားရဲ့ သောကြာနေ့က အိမ်ဖြူတော် မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ (အောက်တိုဘာ ၂၊ ၂၀၁၅)

ဆီးရီးယားနိုင်ငံအတွင်း မတူတဲ့ အုပ်စုတွေအပေါ် နှစ်နိုင်ငံတို့ အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပေမယ့် အခုလို တိုက်ခိုက်မှုတွေကတဆင့် ဆီးရီးယား ပြည်တွင်းစစ်ကနေ အမေရိကန်နဲ့ ရုရှားတို့အကြား စစ်ဖြစ်လာနိုင်မယ့် အခြေအနေမရှိဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

ဒီကိစ္စဟာ အင်အားကြီးနိုင်ငံတွေ စစ်တုရင် ကစားနေတဲ့ ပြိုင်ပွဲတခု မဟုတ်ဘူးလို့ သောကြာနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။

တချိန်ထဲမှာပဲ ရုရှားက ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးအရ ပါဝင် ပတ်သက်နေမှုဟာ ပျက်ဆီးစေမယ့် အကြောင်းတရာတွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဝေဖန် ပြောကြားလိုက်ပါတယ်။

ရုရှားအနေနဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ သမ္မတ အာဆဒ် ပြုတ်ကျရေး အတွက် တိုက်ပွဲဝင်နေတဲ့ သဘောထား ပျော့ပြောင်းတဲ့ ဆူနီး အတိုက်အခံတွေကြား ခွဲခြားမှု မရှိပဲ တိုက်ခိုက်နေကြောင်း၊ အားလုံးဟာ အကြမ်းဖက်သမားတွေလို့ သူတို့အနေနဲ့ ထင်မြင် ယူဆနေကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ဆောင်တဲ့အခါ သဘောထားပျော့ပြောင်းတဲ့ အဲဒီလူတွေရဲ့ အကူအညီကို လိုအပ်မှာ ဖြစ်တဲ့အတွက်
အဲဒီလို ခွဲခြားမှု မရှိပဲ တိုက်ခိုက်နေမှုရဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ပြောပါတယ်။

XS
SM
MD
LG