သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဒိုင်အဆင့် ပထမဆုံးတက်လှမ်းသူ မသူဇာလွင်


မြန်မာစားပွဲတင် တင်းနစ်အားကစားမှာ ဒိုင်လူကြီးတဦးဖြစ်သူ မသူဇာလွင်ဟာ မကြာသေးမီက နိုင်ငံတကာအဆင့် စားပွဲတင် တင်းနစ်အားကစား ဒိုင်လူကြီးတဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာ မြန်မာအမျိုးသမီးတဦးအနေနဲ့ ဒီအားကစားလောကမှာ နိုင်ငံတကာ ဒိုင်အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်ခဲ့တာပါ။ မသူဇာလွင်အနေနဲ့ စားပွဲတင် တင်းနစ်မှာ လက်ရွေးစင် အားကစားသမားတဦးအပြင် သိုင်းနဲ့ ကြက်တောင်ရိုက် အားကစားနည်းတွေမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အားကစားကြိုးပမ်းမှုအကြောင်းနဲ့ ပတ်သက်လို့ မသူဇာလွင်ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

XS
SM
MD
LG