သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တာခ်ီလိတ္တပ္ေထာက္ခံပြဲ ဗုံးေပါက္ကြဲမႈ ၁ ဦးထက္မနည္းေသဆုံး၂၀ ေက်ာ္ဒဏ္ရာ ရ


တာခ်ီလိတ္ၿမိဳ႕

[[Zawgyi/Unicode]]

စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္တဲ့ ဒီေန႔မွာ ျမန္မာႏိုင္ငံ ေဒသအႏွံ႔ တပ္မေတာ္ေထာက္ခံပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ ၿမိဳ႕မွာ တပ္မေတာ္ေထာက္ခံပြဲျပဳလုပ္ေနခ်ိန္ ဗုံးေပါက္ကြဲမႈျဖစ္ခဲ့လို႔ လုံၿခဳံေရးေတြဘက္ က ပစ္ခတ္ခဲ့ပါတယ္။ ေပါက္ကြဲပစ္ခတ္မႈေတြေၾကာင့္ ၁ ဦးထက္မနည္း ေသဆုံးၿပီး ၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို နန္းေလာင္ဝ္က တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းတာ ၁ ႏွစ္ျပည့္တဲ့ ဒီကေန႔ ေဖေဖာ္ဝါရီ ၁ ရက္မွာ ၿမိဳ႕ႀကီးေတြမွာသာမက ၿမိဳ႕ငယ္ေနရာစုံမွာ စစ္ေကာင္စီနဲ႔ စစ္တပ္ေထာက္ခံပြဲေတြ လုပ္ၾကပါတယ္။ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕မွာ တပ္ေထာက္ခံသူ ၁၀၀ ဝန္းက်င္ ေန႔လယ္ပိုင္းက စီတန္းလွည့္လည္ေနခ်ိန္ အထကေက်ာင္းအေက်ာ္ေလာက္မွာ ဗုံးေပါက္ကြဲခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္ၿပီး စစ္တပ္နဲ႔ ရဲေတြဘက္က ေသနတ္နဲ႔ ပစ္ခတ္ ေျခာက္လွန႔္တာေတြ လုပ္ခဲ့တယ္လို႔ မ်က္ျမင္ေတြ႕သူ ေဒသခံတဦးကေျပာပါတယ္။

"သူတို႔ေထာက္ခံပြဲလုပ္ဖို႔ လူစုေနတာကေတာ့ မနက္ကတည္းကပဲ။ သူတို႔ေထာက္ခံပြဲက လူ ၁၀၀ ေက်ာ္ေက်ာ္ေလာက္ပဲရွိတယ္ဗ်။ သူတို႔သတ္မွတ္ထားတဲ့လူက မရႏိုင္ေတာ့ ေစာင့္ရင္းေစာင့္ရင္းကေန ၁၂ ေက်ာ္သြားတာပဲ။ ၁၂ ေက်ာ္မွာ သူတို႔ထြက္တဲ့အခ်ိန္မွာ တံတား ၁ ကို ပတ္ၿပီးေတာ့မွ သီခ်င္းေတြဆို၊ ဗီႏိုင္းေတြကိုင္ၿပီးသြားၾကတဲ့အခ်ိန္မွာ ေက်ာင္းအေရွ႕ေလာက္ေရာက္ေတာ့ ပစ္ခတ္သံေတြၾကားေတာ့ က်ေနာ္တို႔လည္း ျပန္ေျပးရတာေပါ့။ က်ေနာ္က အဲဒီမွာ ဆိုင္ကယ္နဲ႔ အျပင္သြားေနခ်ိန္ကို ေနာက္မွာ ဗုံးကြဲၿပီးေတာ့ သူတို႔ပစ္ခတ္ေနၾကတာ။ တဒုန္းဒုန္းနဲ႔ပစ္ေနေတာ့ က်ေနာ္တို႔လည္း ျပန္ေျပးရတာေပါ့။ က်ေနာ္တို႔ျမင္ရတဲ့ျမင္ကြင္းက စစ္သားေတြကေတာ့ အရပ္ဝတ္ေတြနဲ႔ လမ္းဆုံလမ္းခြမွာ လမ္းတိုင္းမွာ ၁ ေယာက္၊ ၂ ေယာက္၊ ၃ ေယာက္၊ ၆ ေယာက္ အဲလိုခ်ထားတာ။ ခ်ထားၿပီးေတာ့ ပစ္ခတ္ၿပီဆိုတာနဲ႔ စစ္ကားေတြနဲ႔ ရဲကားေတြအကုန္လုံး အဲဒီရွမ္း႐ိုးမ ေဂါက္ ကြင္းဘက္ကေန တက္လာၾကတာပဲ။"

ေပါက္ကြဲ ပစ္ခတ္မႈေၾကာင့္ တပ္ေထာက္ခံပြဲမွာ ခ်ီတက္ေနၾကသူေတြထဲက ၁ ဦးထက္မနည္းေသဆုံးၿပီး ၂၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။ ဒဏ္ရာရသူေတြကို ကူညီကယ္ဆယ္ေရး ပရဟိတအဖြဲ႕ေတြက တာခ်ီလိတ္ျပည္သူ႔ ေဆး႐ုံႀကီးဆီ အေရးေပၚေခၚေဆာင္သြားတယ္လို႔ ကူညီခဲ့သူတဦးကေျပာပါတယ္။

"ေသဆုံးတဲ့သူကေတာ့ ၁ ေယာက္လား၊ ၂ေယာက္လားပဲ ရွိပါတယ္ဗ်။ က်န္တာေတာ့ မၾကားဘူးဗ်။ အခု တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံမွာေတာ့ ဒဏ္ရာရတဲ့လူကေတာ့ ၂၀ ေက်ာ္ဝန္းက်င္ေလာက္ပဲ ရွိတယ္။"

တပ္မေတာ္ေထာက္ခံပြဲမွာ ဗုံးကြဲ၊ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ အခင္းျဖစ္ပြားတဲ့လမ္းကို ပိတ္ဆို႔ထားတယ္လို႔ သိရပါတယ္။ လမ္းေပၚျဖတ္သြားျဖတ္လာလုပ္တဲ့ လူငယ္မွန္သမွ်ကိုလည္း ေခၚယူ႐ိုက္ႏွက္စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ ၿမိဳ႕ရဲ႕အေျခအေနကို ေဒသခံတဦးကေျပာပါတယ္။

"က်ေနာ္တို႔တာခ်ီလိတ္ကေတာ့ နယ္စပ္ဆိုေတာ့ေလ သူ႔စီးပြား ကိုယ့္စီးပြားလုံးပန္းေနၾကတာဆိုေတာ့ အခုလို ဗုံးကြဲပစ္ခတ္တာေတြျဖစ္ေတာ့ ေဈးဆိုင္ေတြကအစ ပိတ္သြားတာေပါ့။ ၾကားတာကေတာ့ ေကာင္ေလးေတြဆို လာရင္ ႐ိုက္ႏွက္ၿပီးဖမ္းတာေတာ့ ၾကားတယ္ဗ်။ က်ေနာ္တို႔လည္းမထြက္ရေတာ့ အိမ္ထဲကေနပဲ ေနေနရတယ္ဗ်။"

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွာ စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္ အသံတိတ္သပိတ္ဆင္ႏြဲၾကသူေတြလည္း ရွိပါတယ္။ တာခ်ီလိတ္ၿမိဳ႕နယ္တြင္း လူအသြားအလာ နည္းနည္းပါးပါးသာရွိၿပီး ေတာ္ေတာ္မ်ားမ်ားက အိမ္ျပင္မထြက္ၾကပါဘူး။ စစ္ေကာင္စီရဲ႕ဖိအားေပးမႈေၾကာင့္ ေဈးဆိုင္ေတာ္ေတာ္မ်ားမ်ားကေတာ့ ဖြင့္ခဲ့ၾကရပါတယ္။ အသံတိတ္သပိတ္မွာ ပါဝင္သူေတြကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူမယ္လို႔ စစ္ေကာင္စီက သတိေပးထားခ်ိန္ စီတန္းခ်ီတက္အင္အားျပတဲ့ တပ္ေထာက္ခံပြဲေတြကေတာ့ ျမန္မာႏိုင္ငံအႏွံ႔ ေနရာအေတာ္မ်ားမ်ားမွာ ျပဳလုပ္ခဲ့ၾကတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

တာချီလိတ် တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲမှု ၁ ဦးထက်မနည်းသေဆုံး၂၀ ကျော်ဒဏ်ရာရ

စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ ဒေသအနှံ့ တပ်မတော်ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် မြို့မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ လုံခြုံရေးတွေဘက် က ပစ်ခတ်ခဲ့ပါတယ်။ ပေါက်ကွဲပစ်ခတ်မှုတွေကြောင့် ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းတာ ၁ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ မြို့ကြီးတွေမှာသာမက မြို့ငယ်နေရာစုံမှာ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံပွဲတွေ လုပ်ကြပါတယ်။ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ တပ်ထောက်ခံသူ ၁၀၀ ဝန်းကျင် နေ့လယ်ပိုင်းက စီတန်းလှည့်လည်နေချိန် အထကကျောင်းအကျော်လောက်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေဘက်က သေနတ်နဲ့ ပစ်ခတ် ခြောက်လှန့်တာတွေ လုပ်ခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတဦးကပြောပါတယ်။

"သူတို့ထောက်ခံပွဲလုပ်ဖို့ လူစုနေတာကတော့ မနက်ကတည်းကပဲ။ သူတို့ထောက်ခံပွဲက လူ ၁၀၀ ကျော်ကျော်လောက်ပဲရှိတယ်ဗျ။ သူတို့သတ်မှတ်ထားတဲ့လူက မရနိုင်တော့ စောင့်ရင်းစောင့်ရင်းကနေ ၁၂ ကျော်သွားတာပဲ။ ၁၂ ကျော်မှာ သူတို့ထွက်တဲ့အချိန်မှာ တံတား ၁ ကို ပတ်ပြီးတော့မှ သီချင်းတွေဆို၊ ဗီနိုင်းတွေကိုင်ပြီးသွားကြတဲ့အချိန်မှာ ကျောင်းအရှေ့လောက်ရောက်တော့ ပစ်ခတ်သံတွေကြားတော့ ကျနော်တို့လည်း ပြန်ပြေးရတာပေါ့။ ကျနော်က အဲဒီမှာ ဆိုင်ကယ်နဲ့ အပြင်သွားနေချိန်ကို နောက်မှာ ဗုံးကွဲပြီးတော့ သူတို့ပစ်ခတ်နေကြတာ။ တဒုန်းဒုန်းနဲ့ပစ်နေတော့ ကျနော်တို့လည်း ပြန်ပြေးရတာပေါ့။ ကျနော်တို့မြင်ရတဲ့မြင်ကွင်းက စစ်သားတွေကတော့ အရပ်ဝတ်တွေနဲ့ လမ်းဆုံလမ်းခွမှာ လမ်းတိုင်းမှာ ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက်၊ ၆ ယောက် အဲလိုချထားတာ။ ချထားပြီးတော့ ပစ်ခတ်ပြီဆိုတာနဲ့ စစ်ကားတွေနဲ့ ရဲကားတွေအကုန်လုံး အဲဒီရှမ်းရိုးမ ဂေါက် ကွင်းဘက်ကနေ တက်လာကြတာပဲ။"

ပေါက်ကွဲ ပစ်ခတ်မှုကြောင့် တပ်ထောက်ခံပွဲမှာ ချီတက်နေကြသူတွေထဲက ၁ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက တာချီလိတ်ပြည်သူ့ ဆေးရုံကြီးဆီ အရေးပေါ်ခေါ်ဆောင်သွားတယ်လို့ ကူညီခဲ့သူတဦးကပြောပါတယ်။
"သေဆုံးတဲ့သူကတော့ ၁ ယောက်လား၊ ၂ယောက်လားပဲ ရှိပါတယ်ဗျ။ ကျန်တာတော့ မကြားဘူးဗျ။ အခု တာချီလိတ်ပြည်သူ့ဆေးရုံမှာတော့ ဒဏ်ရာရတဲ့လူကတော့ ၂၀ ကျော်ဝန်းကျင်လောက်ပဲ ရှိတယ်။"

တပ်မတော်ထောက်ခံပွဲမှာ ဗုံးကွဲ၊ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက်မှာတော့ အခင်းဖြစ်ပွားတဲ့လမ်းကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ လမ်းပေါ်ဖြတ်သွားဖြတ်လာလုပ်တဲ့ လူငယ်မှန်သမျှကိုလည်း ခေါ်ယူရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ရဲ့အခြေအနေကို ဒေသခံတဦးကပြောပါတယ်။

"ကျနော်တို့တာချီလိတ်ကတော့ နယ်စပ်ဆိုတော့လေ သူ့စီးပွား ကိုယ့်စီးပွားလုံးပန်းနေကြတာဆိုတော့ အခုလို ဗုံးကွဲပစ်ခတ်တာတွေဖြစ်တော့ ဈေးဆိုင်တွေကအစ ပိတ်သွားတာပေါ့။ ကြားတာကတော့ ကောင်လေးတွေဆို လာရင် ရိုက်နှက်ပြီးဖမ်းတာတော့ ကြားတယ်ဗျ။ ကျနော်တို့လည်းမထွက်ရတော့ အိမ်ထဲကနေပဲ နေနေရတယ်ဗျ။"

တာချီလိတ်မြို့နယ်အတွင်းမှာ စစ်အာဏာသိမ်း ၁ နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွဲကြသူတွေလည်း ရှိပါတယ်။ တာချီလိတ်မြို့နယ်တွင်း လူအသွားအလာ နည်းနည်းပါးပါးသာရှိပြီး တော်တော်များများက အိမ်ပြင်မထွက်ကြပါဘူး။ စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် ဈေးဆိုင်တော်တော်များများကတော့ ဖွင့်ခဲ့ကြရပါတယ်။ အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထားချိန် စီတန်းချီတက်အင်အားပြတဲ့ တပ်ထောက်ခံပွဲတွေကတော့ မြန်မာနိုင်ငံအနှံ့ နေရာအတော်များများမှာ ပြုလုပ်ခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

#Tachileik #တာချီလိတ် #တပ်ထောက်ခံပွဲ #ဗုံးပေါက်ကွဲ #ဗွီအိုအေ

=============

XS
SM
MD
LG