သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ စစ္အာဏာသိမ္းမႈေနာက္ပိုင္း သဘာဝပတ္ဝန္းက်င္အေပၚ ႀကီးမားတဲ့သက္ေရာက္မႈေတြရွိလာ


ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ရာသီဥတုကပ္ေဘး တုိက္ဖ်က္ေရး ခ်ီတက္လႈပ္ရွားမႈ။ (စက္တင္ဘာ ၂၂၊ ၂၀၁၉)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ၊ ကိုဗစ္ကပ္ေရာဂါနဲ႔ ေငြေၾကးေဖာင္းပြမႈေတြေၾကာင့္ ႏိုင္ငံတဝန္း လူမႈေရး၊ စီးပြါးေရးနဲ႔ ႏိုင္ငံေရး အက်ပ္အတည္းမ်ိဳးစုံနဲ႔ ႏိုင္ငံတဝန္း ရင္ဆိုင္ေနရပါတယ္။ အဲဒီလို မတည္မၿငိမ္ အေျခအေနေတြဟာ လူသားေတြသာမက လူေတြမွီခိုေနရတဲ့ သဘာဝပတ္ဝန္းက်င္အေပၚမွာပါ ႀကီးမားတဲ့သက္ေရာက္မႈေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းေလာက္မွ ျပည္သူ႔အာ႐ုံစိုက္မႈ အေတာ္မ်ားမ်ားရလာဲ့တဲ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈေတြဟာလည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေနာက္တန္းေရာက္ကုန္ပါတယ္။ ျမန္မာႏိုင္ငံတြင္းက လက္ရွိ သဘာဝပတ္ဝန္းက်င္ေရး လႈပ္ရွားမႈေတြအေၾကာင္း နန္းေလာင္ဝ္က ေမးျမန္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္းက လက္နက္ကိုင္တိုက္ပြဲေတြေနဲ႔ စစ္ေရးမတည္မၿငိမ္ေဒသေန ျပည္သူေတြဟာ ဥတုရာသီေျပာင္းလဲမႈ အက်ိဳးဆက္နဲ႔ ပိုၿပီးရင္ဆိုင္ႀကဳံေတြ႔ၾကရၿပီး၊ သဘာဝေဘးဒဏ္ေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ လိုအပ္တဲ့အေထာက္အပံ့နဲ႔ ရင္းျမစ္ေတြ သိပ္ကိုနည္းပါးၾကတယ္လို႔ ျမန္မာ့အေရး ေလ့လာေစာင့္ၾကည့္သူေတြက ေျပာပါတယ္။ သဘာဝပတ္ဝန္းက်င္အေရး စိတ္ဝင္စားၾကသူေတြမွာၾကားလည္း လက္ရွိအေျခေအနမွာ တဦးခ်င္း၊ တေယာက္ခ်င္း၊ ရပ္ေက်းအသီးသီးအလိုက္ အခက္အခဲေတြနဲ႔အတူ ႏိုင္ငံေရး၊ စီးပြါးေရးအရ ဖိစီးမႈေတြရွိေနၾကတဲ့အတြက္ ပတ္ဝန္းက်င္အေရးဟာ အရင္တုန္းကလို ဦးစားေပးအေနအထားမွာ မရွိေတာ့ဘူးလို႔ ၿဗိတိန္ႏိုင္ငံ ေအာက္စဖို႔တကၠသိုလ္မွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အထူးျပဳေလ့လာေနတဲ့ ဧည့္သုေတသီ ဦးဝင္းမ်ိဳးသူက ဗြီအိုေအကို ေျပာပါတယ္။ ဒါေပမယ့္လဲ နကိုကတည္းက ပတ္ဝန္းက်င္ထိန္းသိမ္းေရးကို ယုံယုံၾကည္ၾကည္နဲ႔ လုပ္ကိုင္ခ်င္တဲ့ လူေတြကေတာ့ တတ္ႏိုင္တဲ့ အတိုင္းအတာအေနနဲ႔ လုပ္ေနၾကဆဲ ျဖစ္တယ္လို႔ ဦးဝင္းမ်ိဳးသူက ေျပာပါတယ္။

“ကိုယ့္နာမည္တပ္ၿပီး လုပ္ဖို႔ထက္၊ သစ္ေတာျပဳန္းတယ္ဆိုလည္း သစ္ေတာျပဳန္းတယ္ေပါ့၊ ေရေတြညစ္ညမ္းတယ္ဆိုလည္း ေရေတြညစ္ညမ္းတယ္ေပါ့။ အဲတာမ်ိဳးေလးေတြ တားဆီးႏိုင္ေအာင္ေတာ့ လုပ္ေနၾကတာပဲေလ။ ဘယ္သူကမွ ဆိုင္းဘုတ္ထိုးၿပီးေတာ့ လုပ္ေနတာေတာ့ မရွိဘူးေပါ့။ အေနအထားအမ်ိဳးမ်ိဳးနဲ႔ နာမည္မခံပဲ လုပ္ေနတာလည္း ရွိေကာင္းရွိမွာေပါ့ေလ။ ဒီအခ်ိန္မွာက ရႈပ္ေထြးမႈေတြ သိပ္ျဖစ္ေနေတာ့ မလိုလားအပ္ဘဲနဲ႔ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြရမွာစိုးလို႔ အားလုံးက သတိထားေဆာင္႐ြက္ေနၾကတာပါ။ ရွိႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာက ပဋိပကၡျဖစ္တဲ့ေနရာ နည္းတဲ့ေနရာနဲ႔၊ မ်ားတဲ့ေနရာရွိေပမယ့္ အခုဟာက ေနရာတိုင္းလိုလို ပဋိပကၡ ျဖစ္ေနတယ္။ သို႔ေသာ္လည္း ပဋိပကၡျဖစ္တာ နည္းတဲ့ေနရာေတြမွာေတာ့ ပတ္ဝန္းက်င္ေရးရာ ဆက္လုပ္ေနတာ ရွိပါတယ္။”

၂၀၁၈ ခုႏွစ္တုန္းက တိုက္ခတ္ခဲ့တဲ့ နာဂစ္မုန္တိုင္းမွာ အတုံးအ႐ုံး ေသဆုံးေနၾကတဲ့ ျပည္သူေတြရဲ႕ ႐ုပ္အေလာင္းေတြကို လူမႈစာမ်က္ႏွာေတြမွာ ေတြ႔ျမင္ခဲ့ၾကရသလို၊ သဘာ၀ေဘးအႏၲရယ္ဒဏ္ကို ျမန္မာျပည္သူေတြ မ်က္ျမင္ဒိဌ ႀကဳံေတြ႔ခဲ့ရပါတယ္။ ဒီမိုကေရစီအစိုးရတရပ္ ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ၿပီး ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ဥတုရာသီေျပာင္းလဲမႈနဲ႔ သူ႔အက်ိဳးဆက္ေတြကို ျမန္မာျပည္သူေတြ ပိုၿပီးသတိျပဳမိလာသလို လူထုလႈပ္ရွားမႈေတြလည္း ေပၚေပါက္လာပါတယ္။ အဲဒီလို လူထုလႈပ္ရွားမႈေၾကာင့္ တ႐ုတ္နဲ႔အက်ိဳးတူ လုပ္ကိုင္တဲ့ ျမစ္ဆုံေရအားလွ်ပ္စစ္ ထုတ္လုပ္ေရးလုပ္ငန္းမ်ိဳးေတာင္ ရပ္ဆိုင္းခဲ့ရတာပါ။ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားတက္ႂကြတဲ့ လူငယ္လူ႐ြယ္ေတြ၊ အဖြဲ႔အစည္းေတြကိုလည္း ေဒသေပါင္းစုံမွာ အေတြ႔ရမ်ားလာသလို တႏိုင္တပိုင္အားနဲ႔ လုပ္ကိုင္ၾကတဲ့ လူမႈအဖြဲ႔ေလးေတြလည္း ေတြ႔လာရပါတယ္။

ဒါေပမဲ့လဲ စစ္တပ္ကအာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ ေနာက္ပိုင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလုပ္ငန္းေတြလည္း အရင္လို လြတ္လပ္စြာ လႈပ္ရွားေဆာင္႐ြက္လို႔ မရေတာ့ပါဘူး။ သစ္ပင္စိုက္ပ်ိဳးေရး၊ ပလပ္စတစ္ညစ္ညမ္းမႈ၊ ဓာတ္ေျမၾသဇာ အလြန္အကြၽံအသုံးျပဳမႈနဲ႔ ေရထြက္သဘာဝသယံဇာတ ထိန္းသိမ္းေရး ပညာေပးလုပ္ငန္းေတြကို လိုင္စင္ရ အသင္းအဖြဲ႔နဲ႔ လုပ္ကိုင္ေနတဲ့ လူငယ္တေယာက္က လိုင္စင္ အသိမ္းခံလိုက္ရေတဲ့အတြက္ လက္ရွိအခက္အခဲေတြကို ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ကိုယ္လက္လွမ္းမိွီသေလာက္ပဲ လုပ္ေနတာေတာ့ ရွိတယ္။ အရင္တုန္းကလို လူငယ္ေတြ တစုစုတ႐ုံး႐ုံးနဲ႔ က်ေနာ္တို႔ လုပ္လို႔မရေတာ့ဘူးေပါ့။ အဲဒီလို အေျခအေနမ်ိဳးေတာ့ ရွိသြားတယ္ေပါ့။ ကိုယ့္ဟာကိုယ္ သိုသိုသိပ္သိပ္နဲ႔ လက္လွမ္းမီသေလာက္ပဲ လုပ္ျဖစ္ေတာ့တယ္။ ခုျဖစ္ေပၚေနတဲ့ အက်ပ္အတည္းကာလမွာေတာ့ တျခားေသာကိစၥေတြနဲ႔ ဆက္ႏြယ္မလာေအာင္၊ ထင္ေယာက္ထင္မွား မျဖစ္သြားေအာင္ ကိုယ့္ဟာကိုယ္ ကာကြယ္တဲ့အေနနဲ႔ တအားႀကီး မလုပ္ျဖစ္ေတာ့ဘူးေပါ့၊ တဘက္မွာလဲ ဒီလုပ္ငန္းေတြလုပ္ဖို႔ က်ေနာ္တို႔ ရံပုံေငြေတြလည္း လိုအပ္တယ္ေပါ့။ ခုေနာက္ပိုင္းမွာက်ေတာ့ ပရဟိတအဖြဲ႔ငယ္ေလးေတြမွာ ရံပုံေငြလည္း တအားခက္ခဲလာတယ္။ အဲဒီလိုကိစၥေၾကာင့္လဲ တေၾကာင္းပါတယ္ေပါ့။ အရင္တုန္းက လုပ္လက္စလည္း ရွိတယ္၊ ဒီလုပ္ငန္းေတြက က်ေနာ္တို႔ လာမယ့္ကာလမွာ ဆက္လုပ္ရမယ္၊ တနည္းတဖုံနဲ႔ ျပန္လုပ္ရမယ္ဆိုတဲ့စိတ္ကေလးေတြေတာ့ အားလုံးမွာ ရွိၾကပါတယ္”

စစ္အာဏာသိမ္းမႈေၾကာင့္ ႏုနယ္တဲ့ ျမန္မာ့ဒီမိုကေရစီေရးသာမက သဘာဝပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ရွားမႈေတြလည္း လမ္းေၾကာင္းေျပာင္းကုန္တယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြက ေထာက္ျပပါတယ္။ သဘာဝပတ္ဝန္းက်င္အေရး ဦးေဆာင္လႈပ္ရွားသူ အေတာ္မ်ားမ်ားမွာလည္း စစ္တပ္ရဲ႕အဖမ္းအဆီးက လြတ္ေအာင္ေရွာင္တိမ္းေနၾကရတာပါ။ သဘာဝပတ္ဝန္းက်င္အေရး ေဆာ္ၾသတာေတြ၊ အြန္လိုင္းလႈပ္ရွားမႈေတြလည္း ေပ်ာက္ကြယ္ကုန္ပါတယ္။ ဒါေပမဲ့လဲ သူ႔နည္းသူ႔ဟန္နဲ႔ လုပ္ကိုင္ေနသူေတြလည္း ရွိတယ္လို႔ သုေတသီ ဦးဝင္းမ်ိဳးသူက ေျပာပါတယ္။

“သဘာဝဆိုင္ရာ တရားမွ်တမႈ၊ ပတ္ဝန္းက်င္ဆိုင္ရာ တရားမွ်တမႈ၊ Climate Justice, Environmental Justice က အင္မတန္အေရးႀကီးပါတယ္။ ဒီေကာင္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ဆိုတာဟာ သဘာဝပတ္ဝန္းက်င္ေရးရာ စီမံခန႔္ခြဲမႈ Environmental Governance သက္ဆိုင္ရာအဖြဲ႔အစည္း၊ ႏိုင္ငံေရးအဖြဲ႔အစည္း၊ လူမႈအဖြဲ႔အစည္း၊ စီးပြါးေရးအဖြဲ႔အစည္း၊ အဖြဲ႔အစည္းေပါင္းစုံကေနၿပီးေတာ့ ဒါပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈကို ေဖာ္ေဆာင္ႏိုင္မွ ျဖစ္မယ့္ကိစၥေလ။ ခုခ်ိန္မွာကေတာ့ အဲဒီလိုတာဝန္ယူမႈ၊ တာဝန္ခံမႈကို ေဖာ္ေဆာင္ႏိုင္ဖို႔က လြတ္လပ္စြာ ေျပာဆိုခြင့္၊ စည္း႐ုံးခြင့္၊ ဒါေတြအကုန္လုံးက အကန႔္အသတ္ကာလေတြ ျဖစ္တဲ့အတြက္ အရင္ကလိုေတာ့ မေဖာ္ေဆာင္ႏိုင္ဘူးေပါ့။ သို႔ေသာ္လဲ က်ေနာ္ဆိုလိုတာက ပတ္ဝန္းက်င္ေရးရာမွာ ၿမိဳ႕ျပနဲ႔ဆိုင္တဲ့ ပတ္ဝန္းက်င္ေရးရာျပႆနာေတြ ရွိတယ္။ ေက်းလက္နဲ႔ဆိုင္တဲ့ ျပႆနာေတြ ရွိတယ္။ ေက်းလက္မွာေတာ့ သက္ဆိုင္ရာ ေရေျမေတာေတာင္ထိန္းသိမ္းေရးကို လုပ္ႏိုင္တဲ့လူေတြကေတာ့ လုပ္ႏိုင္သေလာက္ေလးေတြေတာ့ ႀကိဳးစားပမ္းစားနဲ႔ေပါ့ဗ်ာ၊ လုပ္ခြင့္ရွိသေလာက္ လုပ္ေနၾကတာေလးေတာ့ က်ေနာ္ ေတြ႔မိတယ္။ သို႔ေသာ္ ၿမိဳ႕ျပမွာေတာ့ ေရညစ္ညမ္းတာ၊ ေလထုညစ္ညမ္းတာ၊ ပလပ္စတစ္အမႈိက္။ အဲဒီလိုလူငယ္ေလးေတြ ၿပီးခဲ့တဲ ေလးငါးႏွစ္က အမ်ားႀကီးေပၚလာတယ္ေပါ့။ အားရစရာပဲ။ သူတို႔ကေတာ့ ဒီအခ်ိန္မွာေတာ့ လုပ္လို႔မရေတာ့ဘူးေလ။ လုပ္လို႔မရေတာ့လည္း အသြင္တမ်ိဳးနဲ႔ သူတို႔ကေတာ့ ေစာင့္ၾကည့္ေနတဲ့သေဘာေတာ့ ရွိတယ္။"

ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈ ျဖစ္ေစတဲ့ တြင္းထြက္ေလာင္စာေနရာမွာ အစားထိုးႏိုင္မယ့္ ျပန္ျပည့္ၿမဲ သန႔္ရွင္းစြမ္းအင္ထုတ္လုပ္ေရးက႑ေတြလည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရပ္တန႔္ထားရၿပီး ဒီက႑မွာရင္းႏွီးျမႇပ္ႏွံဖို႔ ဆႏၵရွိေနၾကတဲ့ သူေတြလည္း ေနာက္တြန႔္ကုန္ပါတယ္။ သုေတသီဦးဝင္းမ်ိဳးသူကေတာ့ အခက္အခဲေတြၾကားက သဘာဝပတ္ဝန္းက်င္အေရးလုပ္ကိုင္ေနတဲ့ ျမန္မာလူငယ္လူ႐ြယ္ေတြကို ခုလို စကားပါးပါတယ္။

"ကိုဗစ္၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနရတဲ့ စီးပြါးေရးဟာ စစ္တပ္ရဲ႕အာဏာသိမ္းမႈေၾကာင့္ ပိုၿပီးအထိနာေနတာပါ။ ဒီေနရာမွာ တကမာၻလုံး ရင္ဆိုင္ႀကဳံေတြ႔ေနရတဲ့ ဥတုရာသီေျပာင္းလဲမႈနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုတာ တခါထဲ တပါထဲ သြားၾကတာျဖစ္တဲ့အတြက္ အခက္အခဲေတြ၊ လူ႔အခြင့္အေရးဆိုလည္း အခက္အခဲေတြ အမ်ားႀကီးႀကဳံတာပဲ၊ သို႔ေသာ္လဲ လူငယ္ေတြဟာ မေၾကာက္မ႐ြံေပါ့ေနာ္။ တတ္ႏိုင္သမွ် သူတို႔ရဲ႕ ျဖစ္သင့္ျဖစ္ထိုက္သမွ် ေဆာင္႐ြက္တာေတြ ရွိတယ္၊ ခုလဲ ဒါကို ဦးစားေပးမႈအရ ပတ္ဝန္းက်င္ဆိုင္ရာက ေနာက္ပိုင္းမွာ ခန က်န္ေနေကာင္း က်န္ေနႏိုင္တယ္။ သို႔ေသာ္လဲ ဒါေလးကို တတ္ႏိုင္သမွ်ေတာ့ဆက္ လုပ္ၾကပါ။ လုပ္ႏိုင္သေလာက္ေလး လုပ္ၾကပါ။ ပတ္ဝန္းက်င္ ပ်က္စီးေနတယ္ဆိုရင္ေတာင္မွ ဆိုးဆိုး႐ြား႐ြား မျဖစ္ဘဲ ျပန္လည္ရွင္သန္ႏိုင္စြမ္းရွိမယ့္ resilience ေပါ့၊ ျပန္လည္ႏိုးထႏိုင္မယ့္ အေနအထား ရွိပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ လုံးဝျပဳန္းတီးသြားရင္ကို ျပန္လည္ထူေထာင္ႏိုင္ဖို႔ အရမ္းကို ခက္ခဲသြားႏိုင္တဲ့အေျခအေနဆိုေတာ့ ဘယ္လိုပဲ ႏိုင္ငံေရးအေျခအေန မေကာင္းေစဦးေတာ့၊ ပတ္ဝန္းက်င္ အေျခအေနမေကာင္းေတာ့ဘူးဆိုရင္ က်ေနာ္တို႔ ဘယ္လိုမွ ထူေထာင္လို႔ မရေတာ့ဘူး။ အဲဒီလိုနဲ႔ ပ်က္စီးသြားတဲ့ civilization ေတြ၊ လူ႔ေဘာင္အဖြဲ႔အစည္းေတြ သမိုင္းမွာလည္း အမ်ားႀကီး ရွိခဲ့တာေပါ့ေနာ္၊ ပတ္ဝန္းက်င္ပ်က္စီးသြားလို႔ ဘယ္လိုမွ ၿမိဳ႕ျပႀကီးေတြဆက္ မရွိဘဲနဲ႔ ေပ်ာက္ဆုံးသြားရတဲ့ႏိုင္ငံေတြ ရွိခဲ့ဖူးတာေပါ့။ ဒါေလးေတြကို သတိခ်ပ္ၿပီးေတာ့ ခက္ခဲေနတာ မွန္ေသာ္ျငားလည္းပဲ လုပ္ႏိုင္သေလာက္လုပ္ပါေတာ့လို႔ လူငယ္ေတြကို မွ်ေဝခ်င္ပါတယ္။"

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာမယ္ဆိုရင္ေတာ့ လူငယ္ေခါင္းေဆာင္ေတြအေနနဲ႔ တရားမွ်တမႈ၊ တာဝန္ခံမႈနဲ႔ ၿငိမ္းခ်မ္းေရးကိုသာမက၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ Climate Justice ဆိုတဲ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ တရားမွ်တမႈ ရွိေရးကိစၥကိုပါ လုပ္ကိုင္ၾကလိမ့္မယ္လို႔ သဘာ၀ဝန္းက်င္ထိမ္းသိမ္းသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

=== Unicode ===

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံတဝန်း လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေး အကျပ်အတည်းမျိုးစုံနဲ့ နိုင်ငံတဝန်း ရင်ဆိုင်နေရပါတယ်။ အဲဒီလို မတည်မငြိမ် အခြေအနေတွေဟာ လူသားတွေသာမက လူတွေမှီခိုနေရတဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းလောက်မှ ပြည်သူ့အာရုံစိုက်မှု အတော်များများရလာဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်တန်းရောက်ကုန်ပါတယ်။ မြန်မာနိုင်ငံတွင်းက လက်ရှိ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားမှုတွေအကြောင်း နန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တိုက်ပွဲတွေနေဲ့ စစ်ရေးမတည်မငြိမ်ဒေသနေ ပြည်သူတွေဟာ ဥတုရာသီပြောင်းလဲမှု အကျိုးဆက်နဲ့ ပိုပြီးရင်ဆိုင်ကြုံတွေ့ကြရပြီး၊ သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့အထောက်အပံ့နဲ့ ရင်းမြစ်တွေ သိပ်ကိုနည်းပါးကြတယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်အရေး စိတ်ဝင်စားကြသူတွေမှာကြားလည်း လက်ရှိအခြေအေနမှာ တဦးချင်း၊ တယောက်ချင်း၊ ရပ်ကျေးအသီးသီးအလိုက် အခက်အခဲတွေနဲ့အတူ နိုင်ငံရေး၊ စီးပွါးရေးအရ ဖိစီးမှုတွေရှိနေကြတဲ့အတွက် ပတ်ဝန်းကျင်အရေးဟာ အရင်တုန်းကလို ဦးစားပေးအနေအထားမှာ မရှိတော့ဘူးလို့ ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးပြုလေ့လာနေတဲ့ ဧည့်သုတေသီ ဦးဝင်းမျိုးသူက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လဲ နကိုကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ချင်တဲ့ လူတွေကတော့ တတ်နိုင်တဲ့ အတိုင်းအတာအနေနဲ့ လုပ်နေကြဆဲ ဖြစ်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

“ကိုယ့်နာမည်တပ်ပြီး လုပ်ဖို့ထက်၊ သစ်တောပြုန်းတယ်ဆိုလည်း သစ်တောပြုန်းတယ်ပေါ့၊ ရေတွေညစ်ညမ်းတယ်ဆိုလည်း ရေတွေညစ်ညမ်းတယ်ပေါ့။ အဲတာမျိုးလေးတွေ တားဆီးနိုင်အောင်တော့ လုပ်နေကြတာပဲလေ။ ဘယ်သူကမှ ဆိုင်းဘုတ်ထိုးပြီးတော့ လုပ်နေတာတော့ မရှိဘူးပေါ့။ အနေအထားအမျိုးမျိုးနဲ့ နာမည်မခံပဲ လုပ်နေတာလည်း ရှိကောင်းရှိမှာပေါ့လေ။ ဒီအချိန်မှာက ရှုပ်ထွေးမှုတွေ သိပ်ဖြစ်နေတော့ မလိုလားအပ်ဘဲနဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေရမှာစိုးလို့ အားလုံးက သတိထားဆောင်ရွက်နေကြတာပါ။ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာက ပဋိပက္ခဖြစ်တဲ့နေရာ နည်းတဲ့နေရာနဲ့၊ များတဲ့နေရာရှိပေမယ့် အခုဟာက နေရာတိုင်းလိုလို ပဋိပက္ခ ဖြစ်နေတယ်။ သို့သော်လည်း ပဋိပက္ခဖြစ်တာ နည်းတဲ့နေရာတွေမှာတော့ ပတ်ဝန်းကျင်ရေးရာ ဆက်လုပ်နေတာ ရှိပါတယ်။”

၂၀၁၈ ခုနှစ်တုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ အတုံးအရုံး သေဆုံးနေကြတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုစာမျက်နှာတွေမှာ တွေ့မြင်ခဲ့ကြရသလို၊ သဘာဝဘေးအန္တရယ်ဒဏ်ကို မြန်မာပြည်သူတွေ မျက်မြင်ဒိဌ ကြုံတွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီအစိုးရတရပ် ရွေးကောက်တင်မြှောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ ဥတုရာသီပြောင်းလဲမှုနဲ့ သူ့အကျိုးဆက်တွေကို မြန်မာပြည်သူတွေ ပိုပြီးသတိပြုမိလာသလို လူထုလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီလို လူထုလှုပ်ရှားမှုကြောင့် တရုတ်နဲ့အကျိုးတူ လုပ်ကိုင်တဲ့ မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းမျိုးတောင် ရပ်ဆိုင်းခဲ့ရတာပါ။ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတက်ကြွတဲ့ လူငယ်လူရွယ်တွေ၊ အဖွဲ့အစည်းတွေကိုလည်း ဒေသပေါင်းစုံမှာ အတွေ့ရများလာသလို တနိုင်တပိုင်အားနဲ့ လုပ်ကိုင်ကြတဲ့ လူမှုအဖွဲ့လေးတွေလည်း တွေ့လာရပါတယ်။

ဒါပေမဲ့လဲ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေလည်း အရင်လို လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်လို့ မရတော့ပါဘူး။ သစ်ပင်စိုက်ပျိုးရေး၊ ပလပ်စတစ်ညစ်ညမ်းမှု၊ ဓာတ်မြေသြဇာ အလွန်အကျွံအသုံးပြုမှုနဲ့ ရေထွက်သဘာဝသယံဇာတ ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းတွေကို လိုင်စင်ရ အသင်းအဖွဲ့နဲ့ လုပ်ကိုင်နေတဲ့ လူငယ်တယောက်က လိုင်စင် အသိမ်းခံလိုက်ရတေဲ့အတွက် လက်ရှိအခက်အခဲတွေကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကိုယ်လက်လှမ်းမှီသလောက်ပဲ လုပ်နေတာတော့ ရှိတယ်။ အရင်တုန်းကလို လူငယ်တွေ တစုစုတရုံးရုံးနဲ့ ကျနော်တို့ လုပ်လို့မရတော့ဘူးပေါ့။ အဲဒီလို အခြေအနေမျိုးတော့ ရှိသွားတယ်ပေါ့။ ကိုယ့်ဟာကိုယ် သိုသိုသိပ်သိပ်နဲ့ လက်လှမ်းမီသလောက်ပဲ လုပ်ဖြစ်တော့တယ်။ ခုဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလမှာတော့ တခြားသောကိစ္စတွေနဲ့ ဆက်နွယ်မလာအောင်၊ ထင်ယောက်ထင်မှား မဖြစ်သွားအောင် ကိုယ့်ဟာကိုယ် ကာကွယ်တဲ့အနေနဲ့ တအားကြီး မလုပ်ဖြစ်တော့ဘူးပေါ့၊ တဘက်မှာလဲ ဒီလုပ်ငန်းတွေလုပ်ဖို့ ကျနော်တို့ ရံပုံငွေတွေလည်း လိုအပ်တယ်ပေါ့။ ခုနောက်ပိုင်းမှာကျတော့ ပရဟိတအဖွဲ့ငယ်လေးတွေမှာ ရံပုံငွေလည်း တအားခက်ခဲလာတယ်။ အဲဒီလိုကိစ္စကြောင့်လဲ တကြောင်းပါတယ်ပေါ့။ အရင်တုန်းက လုပ်လက်စလည်း ရှိတယ်၊ ဒီလုပ်ငန်းတွေက ကျနော်တို့ လာမယ့်ကာလမှာ ဆက်လုပ်ရမယ်၊ တနည်းတဖုံနဲ့ ပြန်လုပ်ရမယ်ဆိုတဲ့စိတ်ကလေးတွေတော့ အားလုံးမှာ ရှိကြပါတယ်”

စစ်အာဏာသိမ်းမှုကြောင့် နုနယ်တဲ့ မြန်မာ့ဒီမိုကရေစီရေးသာမက သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားမှုတွေလည်း လမ်းကြောင်းပြောင်းကုန်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပါတယ်။ သဘာဝပတ်ဝန်းကျင်အရေး ဦးဆောင်လှုပ်ရှားသူ အတော်များများမှာလည်း စစ်တပ်ရဲ့အဖမ်းအဆီးက လွတ်အောင်ရှောင်တိမ်းနေကြရတာပါ။ သဘာဝပတ်ဝန်းကျင်အရေး ဆော်သြတာတွေ၊ အွန်လိုင်းလှုပ်ရှားမှုတွေလည်း ပျောက်ကွယ်ကုန်ပါတယ်။ ဒါပေမဲ့လဲ သူ့နည်းသူ့ဟန်နဲ့ လုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ သုတေသီ ဦးဝင်းမျိုးသူက ပြောပါတယ်။

“သဘာဝဆိုင်ရာ တရားမျှတမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု၊ Climate Justice, Environmental Justice က အင်မတန်အရေးကြီးပါတယ်။ ဒီကောင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာဟာ သဘာဝပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှု Environmental Governance သက်ဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း၊ စီးပွါးရေးအဖွဲ့အစည်း၊ အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့ ဒါပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ဆောင်နိုင်မှ ဖြစ်မယ့်ကိစ္စလေ။ ခုချိန်မှာကတော့ အဲဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ဆောင်နိုင်ဖို့က လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဒါတွေအကုန်လုံးက အကန့်အသတ်ကာလတွေ ဖြစ်တဲ့အတွက် အရင်ကလိုတော့ မဖော်ဆောင်နိုင်ဘူးပေါ့။ သို့သော်လဲ ကျနော်ဆိုလိုတာက ပတ်ဝန်းကျင်ရေးရာမှာ မြို့ပြနဲ့ဆိုင်တဲ့ ပတ်ဝန်းကျင်ရေးရာပြဿနာတွေ ရှိတယ်။ ကျေးလက်နဲ့ဆိုင်တဲ့ ပြဿနာတွေ ရှိတယ်။ ကျေးလက်မှာတော့ သက်ဆိုင်ရာ ရေမြေတောတောင်ထိန်းသိမ်းရေးကို လုပ်နိုင်တဲ့လူတွေကတော့ လုပ်နိုင်သလောက်လေးတွေတော့ ကြိုးစားပမ်းစားနဲ့ပေါ့ဗျာ၊ လုပ်ခွင့်ရှိသလောက် လုပ်နေကြတာလေးတော့ ကျနော် တွေ့မိတယ်။ သို့သော် မြို့ပြမှာတော့ ရေညစ်ညမ်းတာ၊ လေထုညစ်ညမ်းတာ၊ ပလပ်စတစ်အမှိုက်။ အဲဒီလိုလူငယ်လေးတွေ ပြီးခဲ့တဲ လေးငါးနှစ်က အများကြီးပေါ်လာတယ်ပေါ့။ အားရစရာပဲ။ သူတို့ကတော့ ဒီအချိန်မှာတော့ လုပ်လို့မရတော့ဘူးလေ။ လုပ်လို့မရတော့လည်း အသွင်တမျိုးနဲ့ သူတို့ကတော့ စောင့်ကြည့်နေတဲ့သဘောတော့ ရှိတယ်။"

ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှု ဖြစ်စေတဲ့ တွင်းထွက်လောင်စာနေရာမှာ အစားထိုးနိုင်မယ့် ပြန်ပြည့်မြဲ သန့်ရှင်းစွမ်းအင်ထုတ်လုပ်ရေးကဏ္ဍတွေလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်ထားရပြီး ဒီကဏ္ဍမှာရင်းနှီးမြှပ်နှံဖို့ ဆန္ဒရှိနေကြတဲ့ သူတွေလည်း နောက်တွန့်ကုန်ပါတယ်။ သုတေသီဦးဝင်းမျိုးသူကတော့ အခက်အခဲတွေကြားက သဘာဝပတ်ဝန်းကျင်အရေးလုပ်ကိုင်နေတဲ့ မြန်မာလူငယ်လူရွယ်တွေကို ခုလို စကားပါးပါတယ်။

"ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေရတဲ့ စီးပွါးရေးဟာ စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် ပိုပြီးအထိနာနေတာပါ။ ဒီနေရာမှာ တကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဥတုရာသီပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ တခါထဲ တပါထဲ သွားကြတာဖြစ်တဲ့အတွက် အခက်အခဲတွေ၊ လူ့အခွင့်အရေးဆိုလည်း အခက်အခဲတွေ အများကြီးကြုံတာပဲ၊ သို့သော်လဲ လူငယ်တွေဟာ မကြောက်မရွံပေါ့နော်။ တတ်နိုင်သမျှ သူတို့ရဲ့ ဖြစ်သင့်ဖြစ်ထိုက်သမျှ ဆောင်ရွက်တာတွေ ရှိတယ်၊ ခုလဲ ဒါကို ဦးစားပေးမှုအရ ပတ်ဝန်းကျင်ဆိုင်ရာက နောက်ပိုင်းမှာ ခန ကျန်နေကောင်း ကျန်နေနိုင်တယ်။ သို့သော်လဲ ဒါလေးကို တတ်နိုင်သမျှတော့ဆက် လုပ်ကြပါ။ လုပ်နိုင်သလောက်လေး လုပ်ကြပါ။ ပတ်ဝန်းကျင် ပျက်စီးနေတယ်ဆိုရင်တောင်မှ ဆိုးဆိုးရွားရွား မဖြစ်ဘဲ ပြန်လည်ရှင်သန်နိုင်စွမ်းရှိမယ့် resilience ပေါ့၊ ပြန်လည်နိုးထနိုင်မယ့် အနေအထား ရှိပါတယ်။ ဒါမှမဟုတ်ရင်တော့ လုံးဝပြုန်းတီးသွားရင်ကို ပြန်လည်ထူထောင်နိုင်ဖို့ အရမ်းကို ခက်ခဲသွားနိုင်တဲ့အခြေအနေဆိုတော့ ဘယ်လိုပဲ နိုင်ငံရေးအခြေအနေ မကောင်းစေဦးတော့၊ ပတ်ဝန်းကျင် အခြေအနေမကောင်းတော့ဘူးဆိုရင် ကျနော်တို့ ဘယ်လိုမှ ထူထောင်လို့ မရတော့ဘူး။ အဲဒီလိုနဲ့ ပျက်စီးသွားတဲ့ civilization တွေ၊ လူ့ဘောင်အဖွဲ့အစည်းတွေ သမိုင်းမှာလည်း အများကြီး ရှိခဲ့တာပေါ့နော်၊ ပတ်ဝန်းကျင်ပျက်စီးသွားလို့ ဘယ်လိုမှ မြို့ပြကြီးတွေဆက် မရှိဘဲနဲ့ ပျောက်ဆုံးသွားရတဲ့နိုင်ငံတွေ ရှိခဲ့ဖူးတာပေါ့။ ဒါလေးတွေကို သတိချပ်ပြီးတော့ ခက်ခဲနေတာ မှန်သော်ငြားလည်းပဲ လုပ်နိုင်သလောက်လုပ်ပါတော့လို့ လူငယ်တွေကို မျှဝေချင်ပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာမယ်ဆိုရင်တော့ လူငယ်ခေါင်းဆောင်တွေအနေနဲ့ တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ငြိမ်းချမ်းရေးကိုသာမက၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့ Climate Justice ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု ရှိရေးကိစ္စကိုပါ လုပ်ကိုင်ကြလိမ့်မယ်လို့ သဘာဝဝန်းကျင်ထိမ်းသိမ်းသူတွေက မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG