သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ထိုင်ဝမ် အဆင့်မြင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ


ထိုင်ဝမ်အာဏာရ အမျိုးသားရေးပါတီခေါင်းဆောင် အဲရစ်ချူး (Eric Chu) နဲ့ တရုတ်သမ္မတ ရှီကျင်ပင်း (မေ ၄၊ ၂၀၁၅)
ထိုင်ဝမ်အာဏာရ အမျိုးသားရေးပါတီခေါင်းဆောင် အဲရစ်ချူး (Eric Chu) နဲ့ တရုတ်သမ္မတ ရှီကျင်ပင်း (မေ ၄၊ ၂၀၁၅)

တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ ထိုင်ဝမ်ရဲ့အာဏာရ အမျိုးသားရေးပါတီခေါင်းဆောင် အဲရစ်ချူး (Eric Chu) တို့ဟာ ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေး ဆက်လက်ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့အတွက် တွေ့ဆုံခဲ့ကြပါတယ်။

ဒေသတွင်းမှာ ငြိမ်းချမ်းမှုရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာစေဖို့ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံတို့ ဆက်ပြီးလုပ်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဘေဂျင်းမြို့က တနင်္လာနေ့က တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ခင် မစ္စတာချူးက ပြောသွားပါတယ်။ ရှေ့နှစ်ကျရင် ထိုင်ဝမ်သမ္မတလောင်း ဖြစ်လာနိုင်ဖို့ရှိတဲ့ Chu ဟာ ထိုင်ဝမ်အပါအဝင် တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတွေကြားမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Spratly ကျွန်းစုမှာ တရုတ်နိုင်ငံဘက်က လေယာဉ်ဆင်းတက်နိုင်မယ့် ပြေးလမ်းတည်ဆောက်နေတဲ့ကိစ္စကိုတော့ ပြောဆိုသွားခဲ့ခြင်းမရှိပါဘူး။

မစ္စတာချူးဟာ တနင်္ဂနွေနေ့ကတော့ တရုတ်နိုင်ငံရဲ့ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Yu Zhengsheng နဲ့ ရှန်ဟိုင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံဦးဆောင်တဲ့ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်ရဲ့အခန်းကဏ္ဍကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG