သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်လေယာဉ် ထိုင်ဝမ်လေကြောင်းပိုင်နက်တွင်း ဝင်ရောက်


တနင်္လာနေ့တုန်းက ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ အနည်းဆုံး ၂ ကြိမ် ဝင်ရောက်လာတဲ့ တရုတ်လေယာဉ်တွေနောက်ကို ထိုက်ဝမ်လေယာဉ်တွေ လိုက်လံ ကြည့်ရှုခဲ့တယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောပါတယ်။

Yun-8 လေယာဉ်ဟာ ထိုင်ဝမ်ဂျက်တိုက်လေယာဉ်တွေက သတိပေးခဲ့ပြီးတဲ့နောက် ထွက်ခွာသွားခဲ့တဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တောင်တရုတ် ပင်လယ်ဆီ ဦးတည်ပျံသန်းခဲ့တဲ့ ဒီသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဂွမ်ဒေါင်းပြည်နယ်ကနေ ပျံသန်းလာခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘေဂျင်းကတော့ ဘာမှ တုံ့ပြန်မှု မရှိသေးပါဘူး။ အခုနှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အကြား စီးပွားရေးနဲ့ သံတမန်ရေးတွေမှာ ဆက်ဆံရေး တိုးတက်လာပေမဲ့ နိုင်ငံရေးအရ တင်းမာမှုတွေကတော့ ဆက်ရှိနေဆဲပါ။

၁၉၄၉ ပြည်တွင်းစစ်ပြီးကတည်းက ထိုင်ဝမ်ဟာ တရုတ်ကနေ ခွဲထွက်လာတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ တနေ့မှာ ပြန်လည်ပူးပေါင်းလာလိမ့်မယ်ဆိုပြီး ပြောဆိုထားတာပါ။

တရုတ်ကမ်းရိုးတန်းမှာ အမေရိကန်လေယာဉ်တစီးကို တရုတ် ဂျက်တိုက်လေယာဉ်တွေက မီတာအနည်းငယ်ထိ နီးနီးကပ်ကပ် ပျံသန်းခဲ့ကြောင်း အမေရိကန်က ပြောဆိုအပြီး အခုတခါ ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ တရုတ်လေယာဉ် ပျံသန်းခဲ့တဲ့ကိစ္စ ပေါ်ပေါက်လာတာပါ။

XS
SM
MD
LG