သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်လေယာဉ်ပျက်ကျမှု အနည်းဆုံး လူ၂၅ ဦးသေဆုံး


တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေဟာ ဝန်ချည်စက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။ ဒီလေယာဉ် ပျက်ကျမှုအတွင်း လူပေါင်း ၂၅ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၂၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

TransAsia လေကြောင်းလိုင်းက လေယာဉ် ATR-72 ဟာ ဗုဒ္ဓဟူးနေ့မှာ ပျံတက်သွားပြီး မကြာခင် ၉၀ ဒီဂရီလောက် စောင်းပြီး ပျံသန်းလာရာက အတောင်ပံနဲ့ တံတားကို ဝင်တိုက်ပြီး Keelung မြစ်ရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျခဲ့တာကို အင်တာနက် လူမှုကွန်ယက် တွေပေါ်က ဗွီဒီယိုထဲမှာ တွေ့မြင်ကြရပါတယ်။

အနီးအနားက အဆောက်အဦး အမြင့်တွေ ကို ကပ်လွတ်ပြီး မြစ်ထဲထိုးကျသွားခဲ့တဲ့ လေယာဉ်ပျက် ပုံတွေကိုလည်း တွေ့ရပါတယ်။
တပိုင်းတစ ရေထဲမှာ နစ်မြုပ်နေတဲ့ လေယာဉ်ရဲ့ တဝိုက်မှာ ကယ်ဆယ်ရေး ရေယာဉ်တွေ ဝိုင်းနေပြီး ခေါင်းထိုးစိုက်ပြီး နစ်မြုပ်နေတဲ့ လေယာဉ်အတွင်းက ကလေးတဦး အပါဝင် ခရီးသည် ၁၅ ယောက်ကို ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

TransAsia လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ တိုင်ပေမြို့တော် အနီးအနားမှာရှိတဲ့ Kinmen ကျွန်းကို ဦးတည်ပြီး Sungshan လေဆိပ်ကနေ လေယာဉ်ထွက်ပြီး မကြာခင်မှာပဲ ပျက်ကျသွားခဲ့တာပါ။ ရာသီဥတု သာသာယာယာ အခြေနေမှာ လေယာဉ် မတော်တဆမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

TransAsia လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိချုပ် Chen Xinde ကတော့ လေယာဉ် မတော်တဆမှုအတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG