သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ


တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့ ငလျင်တခု လှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။

ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင်လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ပေမြို့တော်မှာ အဆောက်အဦးတွေ ယိမ်းယိုင်လှုပ်ခါသွားပြီး အပျက်အစီးကို တိုင်းတာ စစ်ဆေးဖို့အတွက် မြန်နှုန်းမြင့် ရထားလိုင်းတချို့ကို ရပ်ဆိုင်းထား လိုက်ပါတယ်။

Nantou အရပ်က ငလျင်ဗဟိုချက်နားမှာ အစိုးရရုံးတရုံးက နံရံတပိုင်း ပြိုကျတာကြောင့် အလုပ်သမားတဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG