သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရွေးကောက်ပွဲ Lai Ching-te အနိုင်ရ


Taiwan Election
Taiwan Election

ထိုင်ဝမ်ကျွန်းမှာ ဒီနေ့ကျင်းပတဲ့ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ပါတီက သမ္မတဝင်ရွေးသူ William Lai Ching-te က တရုတ်ရဲ့ ခြိမ်းခြောက် နှောင့်ယှက်မှုတွေကနေ ကာကွယ်သွားမှာဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ကြီးလေးတဲ့တာဝန်တွေကို သူထမ်းဆောင်သွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲရလာဒ်ထွက်လာခဲ့ပြီး ကျင်းပတဲ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းကို သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်ဖို့လိုလားတဲ့ DPP ပါတီက ၃ ကြိမ်ဆက်တိုက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတာဖြစ်လို့ သမိုင်းတွင်သွားပါတယ်။

DPP ပါတီ လက်ရှိ ဒုဥက္ကဋ္ဌဖြစ်တဲ့ William Lai Ching-te က မဲ ၄၀.၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုလားတဲ့ အဓိကအတိုက်အခံ ကူမင်တန် KMT ပါတီ သမ္မတလောင်း Hou Yu-ih က ၃၃.၄ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားပြီဆိုတာကို Hou Yu-ih လက်ခံကြေညာခဲ့ပါတယ်။

Lai Ching-te ဟာအန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမား ဖြစ်တယ်လို့ တရုတ်ပြည်မကြီးက ပြောကြားပြီး သူ့ကို မဲမထည့်ဖို့ ရွေးကောက်ပွဲ မတိုင်ခင်က တိုက်တွန်းမှုမျိုးစုံလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်ဂုဏ်သိက္ခာ တန်းတူညီမျှမှုကို ရှေ့တန်းတင်ပြီး တရုတ်ပြည်မကြီးနဲ့ ဆွေးနွေးသွားဖို့ အသင့်ပဲလို့ ရွေးကောက်ပွဲ အနိုင်ရ Lai Ching-te က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG