သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ထိုင်ဝမ် လွှတ်တော် ကျင်းပ


လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။

သမိုင်းစဉ်ဆက် တရုတ်ပြည်မကြီးအစိုးရ လွှမ်းမိုးမှုကို ဆန့်ကျင်လာခဲ့တဲ့ ထိုင်ဝမ် အတိုက်အခံပါတီဟာ ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။

တရုတ်အစိုးရနဲ့ ဆွေးနွေးမှုတွေ လျော့နည်းသွားပြီး ပြည်တွင်းနိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် အကြောင်းအရာတွေကို လွှတ်တော် ပထမနေ့မှာပဲ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်ဝမ်ရဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ DPP ကို အမျိုးသားရေးဝါဒီ Nationalist ပါတီ ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို ထိန်းချုပ်ဟန့်တားဖို့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဖွဲ့စည်းခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ လွှတ်တော်နေရာ ၁၁၃ နေရာမှာ DPP ပါတီက ၆၈ နေရာကို အနိုင်ရခဲ့ပါတယ်။ ဒါဟာ ပါတီအတွက် ပထမဆုံးအကြိမ် အခုလို အနိုင်ရခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲမှာလည်း DPP ပါတီ ဥက္ကဋ္ဌ ချိုင်အင်ဝမ်း (Tsai Ing-wen) အနိုင်ရလိုက်တာကြောင့် အမျိုးသားဝါဒီတွေရဲ့ ၈ နှစ်ကြာအုပ်ချုပ်ရေး အဆုံးသတ်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ DPP ပါတီ အနေနဲ့ အမျိုးသားဝါဒီ ဝန်ကြီးချုပ်နဲ့ အတူ လက်တွဲ အလုပ် လုပ်သွားရမှာဖြစ်ပါတယ်။

လွှတ်တော်သက်တမ်း ပထမနှစ်ဝက် အစမှာ လွှတ်တော်သစ်အနေနဲ့ အမျိုးသားဝါဒီ ဝန်ကြီးချုပ် Chang San-cheng နဲ့ အတူလက်တွဲပြီး ပါတီနှစ်စလုံးရဲ့ ထောက်ခံမှုနဲ့ ဥပဒေကြမ်းတွေကို ပြဌာန်းသွားနိုင်လိမ့်မယ်လို့ လေ့လာ သုံးသပ်သူတွေက မျှော်လင့်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ Chang ဟာ သမာသမတ် ကျပြီး အများဆန္ဒကို လက်ခံတတ်သူ တယောက်အဖြစ် ရှုမြင် ခံထားရသူ ဖြစ်ပါတယ်။

XS
SM
MD
LG