သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်


ထိုင်ဝမ်ဝန်ကြီးချုပ် Jiang Yi-huah
ထိုင်ဝမ်ဝန်ကြီးချုပ် Jiang Yi-huah

ထိုင်ဝမ်ကျွန်းတဝှမ်းမှာကျင်းပခဲ့တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ တရုတ်အစိုးရလိုလားတဲ့ လက်ရှိ အာဏာရပါတီ ထင်ထားတာထက် ပိုမို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားဝါဒီပါတီ အကြီးအကျယ် ရှုံးနိမ့်ရတာဟာ သူ့ကြောင့်ပါလို့ ဝန်ကြီးချုပ် Jiang Yi-huah က သတင်းစာ ရှင်းလင်းပွဲတခုမှာ တာဝန်ခံ ပြောဆိုသွားပါတယ်။

Kuomintang ပါတီ ဒါမှမဟုတ် KMT လို့ အသိများတဲ့ ဝန်ကြီးချုပ်ရဲ့ပါတီဟာ အရင်က အမာခံထောက်ခံမှု အချိန်အတော်ကြာရခဲ့တဲ့ ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေ အပါအဝင် မြို့ကြီးနဲ့ မြို့နယ်ပေါင်း ၈ ခုမှာ အရေးနိမ့်ခဲ့တာပါ။ ရွေးကောက်ပွဲအကြို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာတော့ သုံးနေရာ ရှုံးနိမ့်နိုင်တယ်ဆိုပြီး ကြိုတင် တွက်ဆခဲ့တာပါ။

အခု ရွေးကောက်ပွဲရလဒ်အရ ထိုင်ဝမ်ပြည်သူတွေဟာ သမ္မတ Ma Ying-jeou နဲ့အတူ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ကြိုးစားနေတဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကို မကြိုက်ကြဘူးဆိုတာကို ဖော်ပြနေပါတယ်။

XS
SM
MD
LG