သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်သင်္ဘော ၂ ဆနီးပါး တိုင်ဝမ်ကျွန်းအနီး သွားလာလှုပ်ရှားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


တိုင်ဝမ်ကျွန်းအနီး ဖြတ်သန်းသွားလာတဲ့ တရုတ်စစ်သင်္ဘော (REUTERS)
တိုင်ဝမ်ကျွန်းအနီး ဖြတ်သန်းသွားလာတဲ့ တရုတ်စစ်သင်္ဘော (REUTERS)

တိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံက ဖြတ်သန်းသွားလာတဲ့ စစ်သင်္ဘောအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂ ဆနီးပါး ရှိခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုအသစ်တခု စတင်ဖို့ ရှိနေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ခန့်မှန်းနေချိန်မှာပဲ တိုင်ဝမ်ကျွန်းအနီး သွားလာတဲ့ တရုတ်စစ်သင်္ဘော ၁၄ စင်း ရှိခဲ့ပြီး၊ အရင်တရက်က ၈ စင်းရှိခဲ့ရာက တိုးလာတာလို့ တိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်တာပါ။

တိုင်ဝမ်ရေလက်ကြားမှာ တရုတ်နိုင်ငံက မိုးပျံပူပေါင်း ၄ ခုကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး၊ ဒီအထဲက ၁ ခုက တိုင်ဝမ်ကျွန်းအစွန်ကနေကပ်ပြီး ဖြတ်သန်းသွားတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ဒီနှစ်ထဲမှာပဲ တိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ၂ ကြိမ် လုပ်ခဲ့ဖူးပါတယ်။

တိုင်ဝမ်ကျွန်းကို လက်အောက်ခံအဖြစ် သဘောထားတဲ့ တရုတ်နိုင်ငံကတော့ ပစိဖိတ်ဒေသက အမေရိကန်ပိုင် Guam နဲ့ Hawaii ကျွန်းတွေကို တိုင်ဝမ်သမ္မတ Lai Ching-te မကြာသေးခင်ကပဲ အလည်အပတ် သွားခဲ့တဲ့အပေါ် မကျေမနပ် ဖြစ်နေတာပါ။ တိုင်ဝမ်သမ္မတကတော့ သီတင်းတပတ်ကြာ ခရီးစဉ်အပြီး ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပြန်ရောက်လာခဲ့ပါတယ်။

Forum

XS
SM
MD
LG