သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Megi တိုင်ဖွန်းကြောင့် ထိုင်ဝမ်မှာ လူ ၅,၃၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း


ထိုင်ဝမ် တိုင်ဖွန်းမုန်တိုင်း
ထိုင်ဝမ် တိုင်ဖွန်းမုန်တိုင်း

ထိုင်ဝမ်ကျွန်းကို ဒီကနေ့ Megi တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာမှာ လူ ၃၂ ယောက်ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ထိုင်ဝမ် ဗဟို မိုးလေဝသဌာန ရဲ့အဆိုအရ Megi မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းကို ဒေသစံတော်ချိန် နေ့လယ် ၂ နာရီလောက်မှာ လေတိုက်နှုန်း တနာရီ ၁၉၈ ကီလီမီတာနှုန်းနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် လူပေါင်း ၅,၃၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရတဲ့ အကြောင်း အစိုးရရဲ့ ဗဟို အရေးပေါ်လုပ်ငန်းဌာန က ပြောပါတယ်။ လောလောဆယ် အိမ်ခြေ ၉ သိန်းခွဲ ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေတဲ့အကြောင်းလည်း ထိုင်ဝမ်ရဲ့ အဓိက လျှပ်စစ်စမ်းအင်ကုမ္ပဏီ Taiwan Power Co. က ပြောပါတယ်။

မြို့တော် ထိုင်ပေမှာ ရှိတဲ့ ဘက်စ်ကားနဲ့ မြေအောက်ရထား သွားလာမှုတွေ အများစုကို ယာယီရပ်နားထားရသလို၊ နိုင်ငံတကာ လေယာဉ်ခရီးစဉ် အများအပြားလည်း ဖျက်ပစ်လိုက်ရပါတယ်။ မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းကိုဖြတ်ပြီး ထိုင်ဝမ်ရေလပ်ကြားကို ဦးတည်သွားနေသလို၊ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံကို ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG