သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နန်မာဒိုလ် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်ကျွန်းဆီ ဦးတည်


နန်မာဒိုလ် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်ကျွန်းဆီ ဦးတည်
နန်မာဒိုလ် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်ကျွန်းဆီ ဦးတည်

ထိုင်ဝမ်ကျွန်းမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်ကို ရွှေ့လာတဲ့ မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေကြရပါပြီ။ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာတုန်းက လူဇုန်ကျွန်း (Luzon) မှာ ရက်နဲ့ချီ မိုးသည်းထန်စွာ ရွာခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရပြီးပါပြီ။

ဒီနေ့ ညနေပိုင်းမှာတော့ တဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ မုန်တိုင်းဟာ တိုင်ပေမြို့ကနေ မိုင် ၁၅၀ ကျော် အကွာကို ရောက်နေပြီလို့ မိုးလေဝသ ခန့်မှန်းသူတွေက ဆိုနေကြပါတယ်။

ထိုင်ဝမ်အစိုးရ သတင်းဌာနတွေကလည်း ပင်လယ်ကမ်းခြေ ဒေသတွေမှာ ရွှေ့ပြောင်းမှုတွေ ဆက်လုပ်နေတာကို သတင်းထုတ်ပြန်ပေးနေပါတယ်။

ဒီ နန်မာဒိုလ် (Nanmadol) တိုင်ဖုန်းမုန်တိုင်းဟာ မနက်ဖြန် တနင်္လာနေ့ညနေ သို့မဟုတ် အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ကြီး ခေါင်စီယွန်း (Khaosiung) ကို ဝင်ရောက်တိုက်ခတ်ဖို့ ခန့်မှန်းထားကြပါတယ်။ နိုင်ငံ အရှေ့ဘက်ကမ်းခြေကို မတိုက်ခင်မှာ ဒီမြို့ကို စပြီးတိုက်မှာ ဖြစ်ပါတယ်။

စနေနေ့ မနက်ပိုင်းတုန်းကတော့ တနာရီ မိုင် ၉၀ ကျော်နှုန်းရှိတဲ့ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။

မြောက်ပိုင်း လူဇုန်က တောင်ထူထပ်ပြီး ဝေးကွာတဲ့ ဒေသတွေက သတင်းတွေ ရောက်လာဖို့ ရှိနေချိန်မှာ ဖိလစ်ပိုင် အရာရှိတွေဘက်ကလည်း သေကျေ ဒဏ်ရာရတဲ့သူတွေ တိုးလာနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိ ထိခိုက်ခံစားခဲ့ရတဲ့ အထဲမှာတော့ ရွှံ့မြေပြိုရာမှာ သေခဲ့ရတဲ့ ကလေးတွေ အများအပြား ပါတယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ဆိုကြပါတယ်။ နောက်ထပ် ၆ ဦးလည်း ဒီနေ့အထိ ပျောက်ဆုံးနေပြီး ပင်လယ်ထဲ မျောပါသွားနိုင်တယ်လို့ အရာရှိတွေက ယူဆနေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ကျွန်းပေါင်း ၁၁ ခုမှာ လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ မုန်တိုင်းဒဏ် ခံနေကြရပြီး မီးပြတ်တာနဲ့ ကြုံနေကြရပါတယ်။

XS
SM
MD
LG