သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေယာဉ်ပျက် အလောင်း ၄လောင်း ထပ်တွေ့


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က TransAsia လေကြောင်းလိုင်းပိုင် ထိုင်ဝမ် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ ဒီကနေ့ အလောင်း ၄ လောင်း ထပ်တွေ့ခဲ့ပြီးတာကြောင့် သေဆုံးသူ အရေအတွက် ၃၅ ယောက်အထိ ရှိသွားပြီလို့ အစိုးရသတင်းတွေမှာ ဖော်ပြထားပါတယ်။

TransAsia လေယာဉ်အမှတ် ၂၃၅ ပေါ်မှာ လူ ၅၈ ယောက် လိုက်ပါသွားခဲ့ပြီး အများစုက တရုတ်နိုင်ငံက ခရီးသွားတွေဖြစ်ကြပါတယ်။ ထိုင်ပေမြို့က ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာပဲ လေယာဉ် ပျက်ကျခဲ့တာပါ။ ၁၅ ယောက် အသက်ရှင်ကျန်ရစ်ပြီး ၈ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အစိုးရ သတင်းတွေ မှာ သောကြာနေ့က ဖော်ပြပါတယ်။

လေယာဉ်ပျက်ကျပြီး ရေထဲ ထိုးမကျခင်မှာ လေယာဉ်မှူး တယောက်က လေယာဉ် အင်ဂျင်စက် ပျက်သွာကြောင်း ထိန်းချုပ်ရေးဌာနကို လှမ်းပြောခဲ့တယ်လို့ အမည်မဖော်လိုသူ လေကြောင်းအရာရှိတဦးက ပြောပါတယ်။

လေယာဉ်မှူးဟာ လေယာဉ် အထိမနာရအောင် အဆောက်အဦး အမြင့်တွေကို ရှောင်ပြီး မြေပြင်ပေါ်မှာထက် မြစ်ထဲကို ကျအောင် ကြိုးစားခဲ့ပုံရတယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

ဒီကနေ့ သောကြာနေ့မှာ ကျင်းပခဲ့တဲ့ သေဆုံးသူတွေအတွက် ဆုတောင်းပွဲကို ထိုင်ဝမ် ဒုတိယသမ္မတ Wu Den-yih က ဝမ်းနည်းစကား ပြောဆိုခဲ့ သလို လေယာဉ်မှူးရဲ့ လုပ်ရပ်ကိုလည်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG