သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ထိုင်ဝမ် နှစ်နိုင်ငံကြား သမိုင်းဝင်တွေ့ဆုံ


တရုတ်သမ္မတ Xi Jinping နဲ့ ထိုင်ဝမ်သမ္မတ Ma Ying-jeou တို့ စင်ကာပူမှာ တွေ့ဆုံကြစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၅)
တရုတ်သမ္မတ Xi Jinping နဲ့ ထိုင်ဝမ်သမ္မတ Ma Ying-jeou တို့ စင်ကာပူမှာ တွေ့ဆုံကြစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၅)

တရုတ်နဲ့ထိုင်ဝမ်တို့ကြား ၁၉၄၉ ကစလို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြမယ့် စင်္ကာပူနိုင်ငံ ထိပ်သီးညီလာခံ မတိုင်ခင် ဒီကနေ့မှာပဲ ၂ နိုင်ငံခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး သမိုင်းဝင်တွေ့ဆုံမှု စတင်လိုက်ပါတယ်။

ထိုင်ဝမ်သမ္မတ (မာ့ရင်ကျောက်) နဲ့ တရုတ်သမ္မတ (ရှီကျင့်ပင်) တို့က အပြုံးကိုယ်စီနဲ့ သတင်းထောက်တွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပြီး ဆွေးနွေးပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်သူကမှ ကျနော်တို့ကို ခွဲလို့မရဘူး၊ ကျနော်တို့ဟာ မိသားတစုတည်းသာဖြစ်ကြောင်းလည်း သမ္မတရှီက ပြောသွားပါတယ်။

ဒါဟာ ပထမဆုံး တွေ့ဆုံကြတာမှန်ပေမယ့် မိတ်ဆွေဟောင်းတွေပြန်ဆုံရသလိုပဲ စိတ်မှာခံစားရတယ်လို့ ထိုင်ဝမ်သမ္မတ (မာ) ကပြောပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက တနိုင်ငံရဲ့စံတန်ဖိုးနဲ့ ဘဝဖြတ်သန်းမှုတွေကို နားလည်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

သမ္မတနှစ်ဦးရဲ့ အခုလိုတွေ့ဆုံပွဲဟာ အရေးကြီးတဲ့သမိုင်းမှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွေ ခုထက်ပို တိုးတက်လာအောင် လုပ်သွားနိုင်လိမ့်မယ်လို့ တရုတ်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒီမိုကရေစီနည်းအရသွားနေတဲ့ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ တရုတ်တို့ဘက်က ကြေညာထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးကို လိုလားနေပါတယ်။ ထိုင်ဝမ်နိုင်ငံမှာတော့ သမ္မတာမာ့ရင်ကျောက် ထိပ်သီး ဆွေးနွေးပွဲ ထွက်ခွာသွားပြီးနောက် ဒေါသထွက်နေတဲ့ဆန္ဒပြသူတွေဟာ ပါလီမန်ကို ဝိုင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG