သုံးရလွယ်ကူစေသည့် Link များ

ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ကိစ္စ တရုတ်၊ အမေရိကန် ဆက်ဆံရေး ထိခိုက်မည်

  • ဗွီအိုအေ (မြန်မာဌာန)

ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ကိစ္စ တရုတ်၊ အမေရိကန် ဆက်ဆံရေး ထိခိုက်မည်

သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ထိုင်ဝမ်ကျွန်းက F-16 တိုက်လေယာဉ်တွေကို အဆင့်မြှင့်ပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံကြားက သံတမန်ရေးနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ထိခိုက်သွားစေနိုင်တယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ထိပါးသွားစေနိုင်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂယ်ရီ လော့က် (Gary Locke) ကို တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်ပြီး ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်းလီ (Hong Lei) က သတိပေး ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းကို အခုလို စစ်လက်နက် ပစ္စည်းတွေ ရောင်းချတဲ့အပေါ် တရုတ်အစိုးရ အနေနဲ့ အတော်လေး မခံမရပ်နိုင် ဖြစ်မိကြောင်းနဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း သီးခြား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်က ထိုင်ဝမ်ကျွန်းကို အမေရိကန်က စစ်လက်နက်တွေ ရောင်းချခဲ့တုန်းကလောက်တော့ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ဒီတကြိမ် လုပ်မယ့်ပုံ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အဲဒီတုန်းက နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တနှစ်လောက် ရပ်ဆိုင်းသွားခဲ့တာပါ။

XS
SM
MD
LG