Semiconductor ခေါ် တပိုင်းလျှပ်ကူးပစ္စည်း သွင်းကုန်တွေအပေါ် အခွန် ၁၀၀ ရာနှုန်းအထိ တိုးကောက်မယ်လို့ အမေရိကန်သမ္မတရဲ့ ပြောဆိုချက်အပေါ် ထိုင်ဝမ်အနေနဲ့ ချင့်ချင့်ချိန်ချိန် တုန့်ပြန်သွားမယ်လို့ ထိုင်ဝမ်သမ္မတက ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ထုတ် Semiconductor တွေအပေါ် သွင်းကုန်ခွန်ကောက်ဖို့ သမ္မတ Donald Trump ပြောကြားချက်အပါအဝင် စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး စိန်ခေါ်မှုတွေအတွက် သောကြာနေ့က လုပ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ သမ္မတ Lai Ching-te က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဆီက Semiconductor ထုတ်လုပ်တဲ့လုပ်ငန်းကို ထိုင်ဝမ်က ယူသွားတာဖြစ်လို့ အမေရိကန်က ပြန်လိုချင်တယ်လို့ သမ္မတ Trump က ကြာသပတေးနေ့က အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်းကို ကမ္ဘာမှာ ထိုင်ဝမ်ကပဲ လွှမ်းမိုးထားတယ်လို့လည်း သမ္မတ Trump က ဆိုခဲ့ပါတယ်။
Semiconductor တွေ ထုတ်လုပ်နိုင်ဖို့ ခက်ခဲသလို ကျွမ်းကျင်လုပ်သားတွေ လိုအပ်တယ်လို့ ထိုင်ဝမ် နည်းပညာဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ တယောက်က ပြောကြားပြီး ဘယ်နိုင်ငံကမှ ဒီလုပ်ငန်းကို ထိန်းချုပ်ဖို့ မလိုအပ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်က သွင်းကုန်ခွန် ၁၀၀% ကောက်ခံမှာကို ရှောင်ရှားနိုင်ဖို့ ထိုင်ဝမ် Semiconductor လုပ်ငန်းတွေ အမေရိကန်မှာ သွားရောက်လုပ်ကိုင်မယ်လို့ ထိုင်ဝမ်အစိုးရက ပြောကြားထားပါတယ်။ ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ တပိုင်းလျပ်ကူးပစ္စည်း အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး၊ Semiconductor အဆင့်မြင့် လျှပ်ကူးပစ္စည်း ၉၀ ရာနှုန်းကို ထိုင်ဝမ်က ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Forum