သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်လွှတ်တော် တာလီဘန်တွေ တိုက်ခိုက်


President Donald Trump speaks after the U.S. fired a barrage of cruise missiles into Syria Thursday night in retaliation for this week's gruesome chemical weapons attack against civilians, at Mar-a-Lago in Palm Beach, Fla., April 6, 2017.
President Donald Trump speaks after the U.S. fired a barrage of cruise missiles into Syria Thursday night in retaliation for this week's gruesome chemical weapons attack against civilians, at Mar-a-Lago in Palm Beach, Fla., April 6, 2017.

အာဖဂန်နစ္စတန် လွှတ်တော်အဆောက်အဦးတွင်း လွှတ်တော်အမတ်တွေ ဆွေးနွေးပွဲလုပ်နေချိန်မှာ တာလီဘန်စစ်သွေးကြွတွေက ဖောက်ခွဲရေးပစ္စည်းတွေ၊ သေနတ်တွေနဲ့ လွှတ်တော်ကိုပစ်မှတ်ထားပြီး ဒီကနေ့ တိုက်ခိုက်ခဲ့ကြပါတယ်။

အဝင်တံခါးကို ဗုံးတွေ ဆက်တိုက်ဖေါက်ခွဲပြီး တိုက်ခိုက်မှုကို စတင်ခဲ့ပါတယ်။ နောက်ထပ် ဖေါက်ခွဲမှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့အတွက် ကဘူးလ် လွှတ်တော် အဆောက်အဦးကနေ မီးခိုးတွေ အူထွက်လာပြီး လွှတ်တော်အမတ်တွေလည်း အဆောက်အဦးထဲကနေ ထိတ်လန့်တကြား ထွက်ပြေးကြရပါတယ်။

တာလီဘန် သေနတ်သမား ၇ ဦးဟာ သူတို့ကိုယ်မှာ ဖေါက်ခွဲရေးပစ္စည်းတွေ ပတ်ပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သူတို့အားလုံးကို လုံခြုံရေး တပ်ဖွဲ့တွေက အသေရမိခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပစ်ခတ်မှုဟာ ၂ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ်တွေထဲက တယောက်မှ ဒဏ်ရာ မရခဲ့ပေမယ့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၃ ဦး အပါအဝင် လူပေါင်း ၃၀ လောက် ဒဏ်ရာရခဲ့ကြပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကဘူးလ်မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပြီး လွှတ်တော်ကို အခုလို တိုက်ခိုက်တာဟာ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မလေးစားကြောင်း ပြသလိုက်တာလို့ ဆိုပါတယ်။

တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ အသေခံတိုက်ခိုက်မှုလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG