သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က အမျိုးသမီးအခွင့်ရေး တောင်းဆိုဆန္ဒပြမှု တာလီဘန်တွေ ဖြိုခွဲ


Taliban fighters fire into the air to disperse Afghan women protesters in Kabul on August 13, 2022.
Taliban fighters fire into the air to disperse Afghan women protesters in Kabul on August 13, 2022.

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့တာ တနှစ်ပြည့်ဖို့ တရက်ပဲ လိုတော့တဲ့ စနေနေ့မှာ ပညာရေး၊ အလုပ်အကိုင်နဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ ပါဝင်ခွင့် တောင်းဆိုသူ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို ကာဘူးလ်မြို့တော်မှာ လုံခြုံရေးတပ်တွေက ရိုက်နှက်တာတွေအပြင် လေထဲ သေနတ်ပစ်ဖေါက်ပြီး ဆန္ဒပြပွဲကို ဖြိုခွဲခဲ့ပါတယ်။

ဆန္ဒပြသူတွေက သြဂုတ်လ ၁၅ ရက်နေ့ဟာ အမှောင်လွှမ်းတဲ့နေ့ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး တရားမျှတမှုရဖို့ ကြွေးကြော်ခဲ့ကြသလို အလုပ်၊ စားစရာနဲ့ လွတ်လပ်ခွင့် လိုချင်ကြောင်း တောင်းဆိုရင်း ကာဘူးလ်မြို့တော်က ပညာရေးဝန်ကြီးရုံးဆီ ဦးတည်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူ အမျိုးသမီးအများအပြားဟာ တာလီဘန်တွေ ပြဌာန်းထားသလို မျက်နှာကို ဖုံးကွယ်တာတွေမလုပ်ဘဲ၊ ဆန္ဒပြကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ လုံခြုံရေးတွေ လိုက်လံဖမ်းဆီးတဲ့အတွက် ထွက်ပြေးကြရသလို ဆန္ဒပြသူတချို့ကတော့ လုံခြုံရေးတာဝန်ခံတွေရဲ့ ရိုက်နှက်တာခံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲအတွက် အာဖဂန်သတင်းသမားတွေကိုလည်း သတင်းတင်ပြခွင့် မပေးပါဘူး။ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးကတော့ အခုလို ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အမျိုးသမီးတွေကို တာလီဘန်တွေ အင်အားသုံးနှိမ်နင်းတာအတွက် စိုးရိမ်ကြောင်း တွစ်တာမှာရေးပါတယ်။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေ ထွက်ခွါသွားခဲ့တဲ့ သြဂုတ်လ ၁၅ ရက် နောက်ပိုင်း အာဖဂန်နစ်စတန်မှာ တာလီဘန်တွေ ထိန်းချုပ်လာတာဖြစ်ပြီး အဲဒီအချိန်ကစလို့ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်အပါအဝင် ရပိုင်ခွင့် အတော်များများကိုပါ ထိန်းချုပ်လာတာ ဖြစ်ပါတယ်။

=== Unicode ===






XS
SM
MD
LG