သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Assad မပါသော Syria အနာဂါတ် တည်ဆောက်ရေး


ဆီးရီးယား သမ္မတ Bashar al-Assad ။
ဆီးရီးယား သမ္မတ Bashar al-Assad ။

ဆီးရီးယားနိုင်ငံ အရေးနဲ့ ပါတ်သက်ပြီး သောကြာနေ့ ကျင်းပမယ့် နိုင်ငံတကာ ဆွေးနွေးပွဲတွေကို ဆီးရီးယားမှာ သမ္မတ Bashar al-Assad မပါတဲ့ အနာဂါတ် ဖြစ်လာစေမယ့်လမ်းကြောင်းဖြစ်လာအောင် အသုံးချ သွားမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

ဗီယင်နာမှာ ကျင်းပမယ့် နိုင်ငံပေါင်း ၁၅ နိုင်ငံ လောက် ပါဝင်မယ့် ဆွေးနွေးပွဲမှာ အာဆတ်ရဲ့ ထိပ်တန်းမဟာမိတ် ၂ ဦးဖြစ်တဲ့ အီရန်နဲ့ ရုရှားတို့ ပါ ပါဝင်မှာဖြစ်ပြီး သူတို့ ၂ ဦးဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ သက်ဆိုးရှည်အောင် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲတွေဟာ ဆီးရီးယားမှာ နှစ်ပေါင်းများစွာ ဖြစ်ပွါးနေတဲ့ သွေးမြေကျ တိုက်ပွဲတွေ အဆုံးသတ်စေပြီး ငရဲတွင်းက လွတ်စေမယ့် လမ်းရောက်အောင် ပို့ဆောင်ပေးနိုင်ဖို့ အခြေနေ အခွင့်အလမ်း အများဆုံး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby ကလည်း ဗီယင်နာဆွေးနွေးပွဲမှာ ဆီးရီးယားအတွက် အလုပ်ဖြစ်မယ့် နိုင်ငံရေး အကူးအပြောင်းတခု ဖြစ်လာဖို့ မူဘောင်တခုကို ချမှတ်နိုင်အောင် ဦးစားပေး ဆွေးနွေးမှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။ ဆီးရီးယား အစိုးရအဖွဲ့ထဲမှာ Bashar al-Assad ကို မပါစေပဲ မူဘောင်ချမှတ်မယ် ဆိုရင် ရေရှည် တည်ငြိမ်မှုကို ရစေမယ်လို့လည်း ပြောပါတယ်။

ဒီလို မူဘောင်တခု ချနိုင်အောင် သောကြာနေ့ဆွေးနွေး့ပွဲကနေ လုပ်နိုင်ဖို့ သိပ်တော့ မလွယ်ပါဘူး။ အရင်က အီရန်မပါတဲ့ ဆီးရီးယား ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တော့ မအောင်မမြင်နဲ့ပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG