Tanzania နိုင်ငံက ဗစ်တိုးရီးယားရေကန်မှာ ခရီးသည် အပြည့်အသိပ်တင်ဆောင်လာတဲ့ ကူးတို့ ယာဉ်တိမ်း မှောက်သွားခဲ့တဲ့နေရာမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရေငုပ်သမားတွေ ဒီကနေ့ ဆက်ပြီးရှာဖွေနေပါတယ်။ ကြာသပတေးနေ့က ရေယာဉ်တိမ်းမှောက်လို့ သေဆုံးသူပေါင်း ၂၀၇ ဦးထက်မနည်း ရှိသွားပြီလို့ နိုင်ငံပိုင် သတင်းဌာန TBC က ကြေညာပါတယ်။ တိမ်းမှောက်သွားတဲ့ MV Nyerere ရေယာဉ်အတွင်းပိုင်းမှာ အသံတွေကြားခဲ့ရတာကြောင့် အသက်ရှင် ကျန်ရစ်သူတွေ ဖြစ်နိုင်တယ်ဆိုပြီး ဒီကနေ့အစောပိုင်းမှာပဲ ရေတပ်က ရေငုပ်သမား ၄ ယောက် ဝင်ရောက် ရှာဖွေခဲ့ကြတာပါ။ အသက်ရှင်ကျန်ရစ်သူတွေကို စတင်ရှာဖွေနေချိန်မှာပဲ လူသေအလောင်းတွေ ကူးတို့ သင်္ဘောဘေး ရေပေါ် ပေါ်လာပါတယ်။ သင်္ဘောပေါ်မှာ ပါသွားသူတွေရဲ့ဆွေမျိုးသားချင်းတွေကတော့ သတင်းသိရဖု့ိ အဲဒီနားမှာ စောင့်ဆိုင်းနေပါတယ်။ သင်္ဘောမှောက်ရတာဟာ လူ မတန်တဆ တင်ဆောင်ထားတာကြောင့်ဖြစ်ပြီး သဘောၤဟာ အချိန်တိုတို အတွင်းမှာပဲ ပက်လက်လန် နစ်မြှပ်သွားခဲ့တယ်လို့ အသက်ဘေးက လွတ်မြောက်လာသူတွေကပြောပါတယ်။ ဗစ်တိုးရီးယားကန်ထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ Ukerewe ကမ်းကနေ ခွါပြီး မီတာပိုင်းအရောက်မှာပဲ ကူးတို့ ရေယာဉ်က နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ်ပေါ်မှာ ခရီးသည် ၃၀၀ လောက်လိုက်ပါသွားတယ်လို့ အစောပိုင်းမှာ ခန့်မှန်းထားပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွက် တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ သမ္မတ John Magufuli က မနေ့သောကြာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။