သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ဇန်နီးယားနိုင်ငံ ဗစ်တိုးရီးယားကန်မှာ ကူးတို့သင်္ဘောမှောက် ၁၀၀ ကျော်သေဆုံး


တန်ဇန်နီးယားနိုင်ငံ ဗစ်တိုးရီးယားကန်မှာ ကူးတို့ သင်္ဘောတိမ်းမှောက်ရာမှာ ပါဝင်သူတွေကို ရှာဖွေကယ်ဆယ်
တန်ဇန်နီးယားနိုင်ငံ ဗစ်တိုးရီးယားကန်မှာ ကူးတို့ သင်္ဘောတိမ်းမှောက်ရာမှာ ပါဝင်သူတွေကို ရှာဖွေကယ်ဆယ်

တန်ဇန်းနီးယားနိုင်ငံ Victoria ရေကန်မှာ မနေ့တုန်းက ခရီးသည်တင် ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ထက်မနည်း ရှိခဲ့ကြောင်း နိုင်ငံပိုင် ရေဒီယိုက ဒီနေ့ပဲပြောဆိုလိုက်ပါတယ်။

အသက်မသေ ကျန်နေနိုင်သေးတဲ့ သူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေး အစီအစဉ်တွေကိုတော့ ဒီနေ့မနက်ပိုင်းမှာပဲ ပြန်လည်စတင်ခဲ့တာပါ။ လူပေါင်း ၃၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ ဒီအထဲမှာ တချို့ကတော့ အခြေအနေဆိုးတယ်လို့လည်း ဒေသခံအာဏာပိုင်တဦးဖြစ်တဲ့ ကော်မရှင်နာမင်းကြီး John Mongella ကပြောပါတယ်။ ဒါပေမဲ့လည်း ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါသွားသူ အရေအတွက်နဲ့ ပတ်သက်လို့တော့ ပြောဆိုမသွားပါဘူး။ ဒါပေမဲ့လည်း တန်ဇန်းနီးယားနိုင်ငံက ရေကြောင်းသွားလာရေးမှာ အသုံးပြုနေကြတဲ့ ကူးတို့သင်္ဘောတွေပေါ်မှာတော့ ခရီးသည် ရာနဲ့ချီ တင်ဆောင်လေ့ရှိတတ်ကြပါတယ်။

ဒေသခံ သတင်းမီဒီယာတွေကတော့ တိမ်းမှောက်ခဲ့တဲ့ MV Nyerere ကူးတို့သင်္ဘောမှာ ခရီးသည် ၂၀၀ လောက် လိုက်ပါသွားပုံရကြောင်းလည်း ဖော်ပြနေကြပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက Victoria ရေကန်မှာပဲ MV Bukoba ကူးတို့သင်္ဘော တိမ်းမှောက်ရာမှာ လူပေါင်း ၈၉၄ ဦး သေဆုံးခဲ့ဖူးကြောင်းလည်း တန်ဇန်းနီးယား အစိုးရက တရားဝင်မှတ်တမ်းတင် ထားတာပါ။

၂၀၁၁ ခုနှစ်တုန်းက တန်ဇန်းနီးယားနိုင်ငံ Zanzibar ကျွန်းစု ကမ်းလွန်ဒေသမှာ MV Spice Islander I သင်္ဘော နစ်မြုပ်ရာမှာလည်း လူ ၂၀၀ သေဆုံးကြောင်း တရားဝင် အတည်ပြုခဲ့ပြီး၊ တထောင်ကျော် ပျောက်ဆုံးခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG