ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မနေ့က မြန်မာကျပ်ငွေ သန်းပေါင်း ၁၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၆ သိန်းနီးပါး ဖမ်းဆီးမိခဲ့ပါတယ်။ ကြိုတင်သတင်းရရှိတဲ့အတွက် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၃၀ နဲ့ ပူးပေါင်းအဖွဲ့တွေကနေ ကြာသပတေးနေ့မှာ ဖမ်းဆီးမိခဲ့တာပါ။ စိတ်ကြွဆေးပြား အများဆုံး ထုတ်လုပ်ရောင်းချတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာက သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ အခုနောက်ဆုံးဖမ်းဆီးမိခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေး သိန်းနဲ့ချီပြီးတင်လာတဲ့ကားကို မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့စု ၃၀ က ရဲအုပ် စိုင်းနော်ဟိန်းနဲ့ ပူးပေါင်းအဖွဲ့တွေက ပါခုတ် စစ်ဆေးရေးစခန်းမှာ သတင်းအရ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ ဝှေလေယန်ကျေးရွာဘက်ကနေ ဝမ်ပုံရွာဘက်ကို မောင်းလာတဲ့ကားတစ်စီးကို စစ်ဆေးပြီး ရှာဖွေဖမ်းဆီးခဲ့ပုံကို မူးယစ်တပ်ဖွဲ့စု ၃၀ က ရဲအရှာကတစ်ဦးက အခုလို ပြောပြပါတယ်။
“-- ရပ်ကွက်က ဂိုဒေါင်တခုကနေ မူးယစ်ဆေးဝါးသယ်တဲ့ကား မောင်းလာတာပေါ့နော်၊ မောင်းပြီးတော့ ပါခုတ်စစ်ဆေးရေးဂိတ်မှာမိတာ။ အလုံးရေကတော့ ၅ သိန်း၊ ၉ သောင်းပေါ့။ ဖမ်းတဲ့အဖွဲ့ကတော့ ကျနော်တို့ မူးယစ် တပ်ဖွဲ့စု (၃၀) ကတပ်ဖွဲ့ဝင်တွေပေါ့။ အဲဒီဂိတ်မှာတာဝန်ကျတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ဒီကားကို ရှာတဲ့အခါမှာ တွေ့တယ်ပေါ့နော်။ အီစူးဇူးကား ၂ ခန်းတွဲက နောက်ခန်း ဖင်ထိုင်ခုံအောက်ကနေ တွေ့တယ်ပေါ့နော်။ ခေါင်းက ၂ ခန်းတွဲရှိတယ်၊ ဒိုင်နာလို ပုံစံမျိုးပေါ့နော်၊ နောက်ဖင်ထိုင်ခုံအောက်က အံဝှက်ထဲမှာ သွားတွေ့တယ်။ သတင်းရလို့ ရှာလိုက်တာ။”
စိတ်ကြွဆေး သယ်ဆောင်လာသူဟာ အသက် ၁၉ နှစ်အရွယ် ရှမ်းလူငယ်တစ်ဦးဖြစ်ပြီး သူ့ကိုတော့ တာချီလိတ်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ မူး/စိတ် ပုဒ်မ ၁၅/၁၉ (၁) အရ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း စိတ်ကြွဆေး ၁၀ သိန်းကျော် ဖမ်းမိခဲ့ပြီး ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာလည်း ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေး ဖမ်းဆီးရမှုက သန်းဂဏန်းအထိ ရှိနေကြောင်းလည်း ဆက်ပြောပြပါတယ်။
“ဖမ်းမိတဲ့ ပမာဏကတော့ ပထမ ၁ သိန်း၊ ၆ သောင်း၊ ဒုတိယ ၁ သိန်းဆိုတော့ ၂ သိန်းနဲ့မှ ၆ သောင်း၊ အခု ၅ သိန်း ၉ သောင်းဆိုတော့ အားလုံး စုစုပေါင်း ၁၀ သိန်း လောက်ရှိပါပြီ။၂၀၁၁ မှာ သန်း ၉၀ ကျော်ရှိတယ်။ ၂၀၁၂ မှာ၊ ၂၀၁၃ မှာတော့ သန်း ၃ သန်းကျော်လောက်ပဲပေါ့။”
၂၀၁၃ ခုနှစ်ထဲမှာလည်း မြန်မာနိုင်ငံက စိတ်ကြွဆေး ဖမ်းဆီးရရှိမှုဟာ သန်းဂဏန်းအိ ဖမ်းမိခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်မြို့တွေမျာလည်း မူးယစ်ဆေးဝါး သယ်ဆောင်သူတွေနဲ့ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပြီး မြန်မာပြည်ကလာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံဘက်ကနေ သိန်းဂဏန်းနဲ့ မကြာခဏ ရှိခဲ့ပါတယ်။
စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရခဲ့တာတွေမှာ တရုတ်နဲ့ထိုင်းနိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံဟာ အများဆုံးဖမ်းဆီးရမိတဲ့နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ်နဲ့ ရာဇဝတ်မှုရုံးရဲ့ မကြာခင်က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။