သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၁၁ ပတ်မြောက် ဟောင်ကောင်ဆန္ဒပြပွဲ ဆရာဆရာမတွေ ပါဝင်လာ


တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းရေးကို ဆန္ဒပြကန့်ကွက်နေတဲ့ သီတင်း ၁၁ ပတ်မြောက်မှာ ဆရာဆရာမတွေ ပါဝင်လာပုံ။ (သြဂုတ် ၁၇၊ ၂၀၁၉ )

ဟောင်ကောင်မှာ ၃ လ နီးပါးကြာဖြစ်နေတဲ့ အစိုးရဆန္ဒပြပွဲတွေမှာပါဝင်တဲ့သူတွေကို ထောက်ခံတဲ့အနေနဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ ဒီကနေ့မှာတော့ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေရဲ့ ရဲစွမ်းသတ္တိရှိမှုနဲ့ ဟောင်ကောင်အပေါ် အလေးအနက် ထားတာကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း သူတို့ဟာ အစိုးရထက်ပိုသတ္တိရှိတယ်လို့ ဒီကနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းဆရာမ တဦးက ရိုက်တာသတင်းကို ပြောပါတယ်။

ကျောင်းဆရာ ဆရာမတွေဟာ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာကျတဲ့ဇုန်မှာ စုဝေးခဲ့ကြပြီးတဲ့နောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam နေနေတဲ့ အစိုးရအိမ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဟောင်ကောင်တ၀ှမ်းမှာတော့ ဒီကနေ့ စနေနေ့နဲ့ မနက်ဖြန်တနင်္ဂနွေနေ့တွေမှာ နောက်ထပ် ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။

ပုံမှန်အားဖြင့် ဆန္ဒပြပွဲတွေကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာလုပ်လေ့ရှိပေမယ့်ပြီးခဲ့တဲ့ တပတ်က ဟောင်ကောင် လေဆိပ်မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာအလုပ်ဖွင့်ရက်တွေအထိပါ ဆက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ် မှာ လေယာဉ်အတက်အဆင်းအများဆုံး လေဆိပ် တခုဖြစ်တဲ့ ဟောင်ကောင်လေဆိပ်မှာ ရက်အတော်ကြာ လေဆိပ်လုပ်ငန်းတွေနှောင့်နှေးကုန်ပြီး ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေလည်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

တရုတ်နိုင်ငံပြည်မကြိးကို တရားခံလွှဲပြောင်းပေးရေးဥပဒေကြမ်းကြောင့် ဆန္ဒပြတာတာတွေ ဖြစ်လာခဲ့တာပါ။

ဆန္ဒပြပွဲတွေဟာ အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိပေမယ့်တခါတရံမှာတော့ အကြမ်းဖက်တာတွေ အထိဖြစ် လာခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလာခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG