သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမိုင္းအျမင္သစ္ သင္ၾကားေရး


Map of Ratnagiri District, India where Myanmar latest king Thibaw's Tomb located.

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး လုပ္ႏုိင္ဖို႔အတြက္ အေျခခံပညာေရးမွာ ျပ႒ာန္းထားတဲ့ သမိုင္းဖတ္စာကို ဘယ္လုိသင္ၾကားသင့္သလဲဆုိတာကို စက္တင္ဘာလ (၅) ရက္ေန႔ထုတ္ Oxford လက္ဖက္ရည္ဝိုင္းမွာ ေဆြးေႏြးထားပါတယ္။ ဒီအေၾကာင္းကို အႏွစ္ (၂၀) ေလာက္ ေလ့လာထားတဲ့ အေမရိကန္အမ်ဳိးသမီးပညာရွင္ ပါေမာကၡ ေဒါက္တာရိုစဲလီမက္ထရို Rosalie Metro တင္ျပထားပါတယ္။ သမိုင္းသင္ၾကားေရးဟာ ရည္ရြယ္ခ်က္၊ ဦးတည္ခ်က္ေတြနဲ႔ ဆက္စပ္ေနပါတယ္။ ႏုိင္ငံေရးမွာ ၾကားေနတဲ့ သမိုင္းသင္ရိုးဆိုတာ မရိွဘူးလို႔ ဆိုပါတယ္။ သမိုင္းအခ်က္အလက္ေတြဟာ အလြန္မ်ားျပားလွပါတယ္။

သမိုင္းဖတ္စာထဲမွာ ဘယ္အခ်က္ကိုထည့္ၿပီး ဘယ္အခ်ိန္ကို ခ်န္လွပ္မယ္ဆိုတာကို စာအုပ္ေရးသူက ဆံုးျဖတ္ရပါတယ္။ ဒါေၾကာင့္ သမိုင္းသင္ၾကားတဲ့ ရည္ရြယ္ခ်က္ကို အေသအခ်ာ မဆန္းစစ္ဘူးဆိုရင္၊ သမိုင္းဖတ္စာေရးသူရဲ ႔ ရည္ရြယ္ခ်က္အတိုင္း (သို႔မဟုတ္) လူ႔အဖြဲ႔အစည္းမွာ လႊမ္းမုိးေနတဲ့ အယူအဆအတိုင္း လိုက္လုပ္သလို ျဖစ္ေနပါလိမ့္မယ္။ မိမိေနထိုင္ရာ လူ႔အဖြဲ႔အစည္းကို ေျပာင္းလဲရည္ရြယ္ရင္ ဘယ္လိုေျပာင္းလဲမလဲဆိုတာကို စဥ္းစားရပါလိမ့္မယ္။ အေမရိကန္သမၼတေဟာင္း Donald Trump လို ပုဂၢိဳလ္ကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္ကို ေဝဖန္ႏိုင္ေအာင္ သမိုင္းပညာ သင္ေပးတာကို မလိုလားပါဘူး။

ျပည္ခ်စ္စိတ္ဓါတ္ျမွင့္တင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စု ႀကီးက်ယ္ခမ္းနားပံုေတြကိုသာ သင္ၾကားၿပီး၊ ကၽြန္စနစ္က်င့္သံုးတာနဲ႔ ေဒသခံတိုင္းရင္းသားေတြကို မ်ဳိးျပဳတ္ေအာင္ သတ္ျဖတ္တာေတြကိုေတာ့ Donald Trump မသင္ၾကားေစလိုပါဘူး။ ဒါေၾကာင့္ ျမန္မာအစိုးရ ျပ႒ာန္းတဲ့ သမိုင္းစာအုပ္ကို သင္ၾကားတဲ့အခါမွာ အၿမီးျပန္ေခါင္းျပန္ ဆန္းစစ္ေလ့လာၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ အဓိပၸါယ္ေဖာ္ႏိုင္ဖို႔လိုတယ္လို႔ ေဒါက္တာရိုစလီမက္ထရိုက ဆိုပါတယ္။ စစ္တိုက္ေတြကို ဘယ္အရြယ္ကစၿပီး သိသင့္သလဲဆိုတဲ့ ေမးခြန္းဟာလည္း အေရးႀကီးပါတယ္။ ဘုရင့္ေနာင္အေၾကာင္း ပထမတန္းဖတ္စာမွာ ပါဝင္ေနပါတယ္။ ၂၀၁၀ မတိုင္မီ ပညာေရးဌာနထုတ္ သမိုင္းဖတ္စာေတြရဲ ႔ ရည္ရြယ္ခ်က္ဟာ ျပည္ခ်စ္စိတ္နဲ႔ ျပည္ေထာင္စုစိတ္ဓါတ္ ျမွင့္တင္ေရးျဖစ္တယ္လို႔ နိဒါန္းမွာ ေဖာ္ျပထားပါတယ္။

ဘုရင့္ေနာင္ဟာ စစ္ေအာင္ႏုိင္္တဲ့ေဒသကို ပိုင္ပိုင္ႏိုင္ႏုိင္ အုပ္ခ်ဳပ္ႏုိင္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႔နန္းသက္တေလွ်ာက္ ျမန္မာတျပည္လံုးမွာ ပုန္ကန္ထၾကြမႈေတြ အၿမဲတမ္း ရိွေနပါတယ္။ မဆံုးႏိုင္တဲ့ သူပုန္ႏိွမ္နင္းေရးလုပ္ငန္းေၾကာင့္ လူအင္အားေရာ ေငြအင္အား၊ ေငြအင္အားေရာ အမ်ားအျပား သံုးစြဲရပါတယ္။ တခ်ိန္တည္းမွာပဲ ဘုရား၊ ေက်ာင္း၊ ကန္ေတြလည္း တည္ေဆာက္ပါတယ္။ ဒါေပမဲ့ ဘုရင့္ေနာင္ ကြယ္လြန္တာနဲ႔ တၿပိဳင္နက္ ျမန္မာႏိုင္ငံ ၿပိဳကြဲပ်က္စီးရတဲ့အတြက္၊ အသက္ထင္ရွားရိွစဥ္က ဘုန္းသမာၻထက္ျမက္ ေက်ာ္ၾကာခဲ့ပံုေတြဟာ ဟုတ္မွဟုတ္ရဲ ႔လားလုိ႔ သံသယ ျဖစ္လာရေၾကာင္း သမိုင္းပါေမာကၡေဟာင္း ေဒါက္တာေက်ာ္သက္က ျပည္ေထာင္စုျမန္မာႏိုင္ငံသမိုင္း ေက်ာင္းသံုးစာအုပ္မွာ ေရးထားပါတယ္။

ဘုရင့္ေနာင္ကို ေခါင္းေဆာင္ေကာင္းဟုတ္မဟုတ္ ဆန္းစစ္တတ္သူေတြဟာ လက္ရိွေခါင္းေဆာင္ကိုုလည္း အကဲျဖတ္တတ္လာလိမ့္မယ္လို႔ ေဒါက္တာရိုစဲလီက ဆိုပါတယ္။ ဒါေပမဲ့ အစိုးရထုတ္ထားတဲ့ စာအုပ္သာ ရိွတဲ့အတြက္ ဒီစာအုပ္ကိုသံုးၿပီး ေဝဖန္္ဆန္းစစ္တတ္တဲ့ဥာဏ္ ထြက္ေပၚလာေအာင္ လုပ္ရလိမ့္မယ္လို႔ ဆိုပါတယ္။ ေက်ာင္းသူေက်ာင္းသားအမ်ားစုဟာ သမိုင္းအခ်က္အလက္ေတြကို အလြတ္က်က္မွတ္ႏိုင္ရင္ စာေမးပြဲမွာ အမွတ္မ်ားမ်ား ရမယ္လို႔ ယူဆၾကပါတယ္။ ဆရာ၊ ဆရာမေတြကို ေမးၾကည့္ေတာ့ အျဖစ္မွန္ကို ေက်ာင္းသားေတြကိုသိဖို႔ သင္ၾကားတာလို႔ ေျဖသူကမ်ားပါတယ္။ အတိတ္ကျဖစ္ရပ္ေတြကို သင္ခန္းစာယူႏိုင္ေအာင္ သင္ၾကားတာလို႔ ေျဖသူလည္း ရိွပါတယ္။ ဒါေပမဲ့ စာအုပ္ထဲမွာမပါတဲ့ သမိုင္းအခ်က္အလက္ေတြ အမ်ားႀကီး ရိွေနေသးတာကိုလည္း သတိထားသင့္တယ္လို႔ ဆိုပါတယ္။ ျမန္မာ့သမိုင္း သင္ၾကားေရးဟာ ထင္သေလာက္ မလြယ္တာ သိသာပါတယ္။

သမိုင္းသင္ၾကားတဲ့ ဆရာ၊ ဆရာမေတြဟာ ျပႆနာမ်ဳိးစံု ႀကံဳေတြ႔ေနရပါတယ္။ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ၿပီး CDM လုပ္ေနသူေတြ ရိွသလို၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အစိုးရေက်ာင္းေတြမွာဆက္ၿပီး အလုပ္လုပ္ေနသူရတဲ့ ဆရာ၊ ဆရာမေတြလည္း ရိွပါတယ္။ တိုင္းရင္းသား အေျခခံပညာေရးေက်ာင္း၊ ထိုင္းႏုိင္ငံမွာ ဖြင့္ထားတဲ့ေက်ာင္း၊ ပုဂၢလိက အလြတ္ပညာသင္ေက်ာင္း စသျဖင့္ အမ်ဳိးမ်ဳိးရိွတာမို႔ ေက်ာင္းရဲ ႔ သဘာဝကိုုလုိက္ၿပီး သမိုင္းကို ဆန္းစစ္ႏိုင္ပါတယ္။ ဥပမာ အၿမဲတမ္းစစ္ျဖစ္ေနတဲ့ ဘုရင့္ေနာင္ေခတ္က မိခင္နဲ႔ ကေလးမ်ားအေျခအေနကို စဥ္းစားတတ္ေအာင္ သင္ၾကားေပးႏုိင္ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္ဟာ နယ္စပ္မွာ အလုပ္လုပ္ေနတဲ့ ဆရာ၊ ဆရာမမ်ားအတြက္ အႏၱရာယ္မ်ားတဲ့အတြက္ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီ တည္ေဆာက္ႏုိင္ေတာ့မွ သမိုင္းသင္ၾကားေရးနည္းသစ္ကို က်င့္သံုးသင့္တယ္လို႔ ျမင္သူေတြလည္း ရိွပါတယ္။ ျပႆနာအခက္အခဲ ရိွေပမယ့္ သမိုင္းသင္ၾကားရင္း ေဝဖန္ဆန္းစစ္တဲ့ အေတြးအေခၚ ရိွလာေအာင္လုပ္ႏိုင္ရင္ ေက်ာင္းသူေက်ာင္းသားေတြရဲ ႔ ဘဝဟာ ေျပာင္းလဲသြားႏုိင္တယ္လို႔ ဆိုပါတယ္။ စစ္ဝါဒနဲ႔ က်ဥ္းေျမာင္းတဲ့ အမ်ဳိးသားေရးဝါဒေၾကာင့္ ဒုကၡသုကၡအမ်ဳိးမ်ဳိး ႀကံဳေနရတဲ့ မ်ဳိးဆက္သစ္ေတြဟာ သမိုင္းအျမင္သစ္ကို သင္ယူဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေဒါက္တာရိုစဲလီ မက္ထရိုက ယံုၾကည္ေၾကာင္း တင္ျပလိုက္ရပါတယ္။

=== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နိုင်ဖို့အတွက် အခြေခံပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ သမိုင်းဖတ်စာကို ဘယ်လိုသင်ကြားသင့်သလဲဆိုတာကို စက်တင်ဘာလ (၅) ရက်နေ့ထုတ် Oxford လက်ဖက်ရည်ဝိုင်းမှာ ဆွေးနွေးထားပါတယ်။ ဒီအကြောင်းကို အနှစ် (၂၀) လောက် လေ့လာထားတဲ့ အမေရိကန်အမျိုးသမီးပညာရှင် ပါမောက္ခ ဒေါက်တာရိုစဲလီမက်ထရို Rosalie Metro တင်ပြထားပါတယ်။ သမိုင်းသင်ကြားရေးဟာ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံရေးမှာ ကြားနေတဲ့ သမိုင်းသင်ရိုးဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ သမိုင်းအချက်အလက်တွေဟာ အလွန်များပြားလှပါတယ်။

သမိုင်းဖတ်စာထဲမှာ ဘယ်အချက်ကိုထည့်ပြီး ဘယ်အချိန်ကို ချန်လှပ်မယ်ဆိုတာကို စာအုပ်ရေးသူက ဆုံးဖြတ်ရပါတယ်။ ဒါကြောင့် သမိုင်းသင်ကြားတဲ့ ရည်ရွယ်ချက်ကို အသေအချာ မဆန်းစစ်ဘူးဆိုရင်၊ သမိုင်းဖတ်စာရေးသူရဲ့ ရည်ရွယ်ချက်အတိုင်း (သို့မဟုတ်) လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးနေတဲ့ အယူအဆအတိုင်း လိုက်လုပ်သလို ဖြစ်နေပါလိမ့်မယ်။ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကို ပြောင်းလဲရည်ရွယ်ရင် ဘယ်လိုပြောင်းလဲမလဲဆိုတာကို စဉ်းစားရပါလိမ့်မယ်။ အမေရိကန်သမ္မတဟောင်း Donald Trump လို ပုဂ္ဂိုလ်ကတော့ နိုင်ငံ့ခေါင်းဆောင်ကို ဝေဖန်နိုင်အောင် သမိုင်းပညာ သင်ပေးတာကို မလိုလားပါဘူး။

ပြည်ချစ်စိတ်ဓါတ်မြှင့်တင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု ကြီးကျယ်ခမ်းနားပုံတွေကိုသာ သင်ကြားပြီး၊ ကျွန်စနစ်ကျင့်သုံးတာနဲ့ ဒေသခံတိုင်းရင်းသားတွေကို မျိုးပြုတ်အောင် သတ်ဖြတ်တာတွေကိုတော့ Donald Trump မသင်ကြားစေလိုပါဘူး။ ဒါကြောင့် မြန်မာအစိုးရ ပြဋ္ဌာန်းတဲ့ သမိုင်းစာအုပ်ကို သင်ကြားတဲ့အခါမှာ အမြီးပြန်ခေါင်းပြန် ဆန်းစစ်လေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖော်နိုင်ဖို့လိုတယ်လို့ ဒေါက်တာရိုစလီမက်ထရိုက ဆိုပါတယ်။ စစ်တိုက်တွေကို ဘယ်အရွယ်ကစပြီး သိသင့်သလဲဆိုတဲ့ မေးခွန်းဟာလည်း အရေးကြီးပါတယ်။ ဘုရင့်နောင်အကြောင်း ပထမတန်းဖတ်စာမှာ ပါဝင်နေပါတယ်။ ၂၀၁၀ မတိုင်မီ ပညာရေးဌာနထုတ် သမိုင်းဖတ်စာတွေရဲ့ ရည်ရွယ်ချက်ဟာ ပြည်ချစ်စိတ်နဲ့ ပြည်ထောင်စုစိတ်ဓါတ် မြှင့်တင်ရေးဖြစ်တယ်လို့ နိဒါန်းမှာ ဖော်ပြထားပါတယ်။

ဘုရင့်နောင်ဟာ စစ်အောင်နိုင်တဲ့ဒေသကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့နန်းသက်တလျှောက် မြန်မာတပြည်လုံးမှာ ပုန်ကန်ထကြွမှုတွေ အမြဲတမ်း ရှိနေပါတယ်။ မဆုံးနိုင်တဲ့ သူပုန်နှိမ်နင်းရေးလုပ်ငန်းကြောင့် လူအင်အားရော ငွေအင်အား၊ ငွေအင်အားရော အများအပြား သုံးစွဲရပါတယ်။ တချိန်တည်းမှာပဲ ဘုရား၊ ကျောင်း၊ ကန်တွေလည်း တည်ဆောက်ပါတယ်။ ဒါပေမဲ့ ဘုရင့်နောင် ကွယ်လွန်တာနဲ့ တပြိုင်နက် မြန်မာနိုင်ငံ ပြိုကွဲပျက်စီးရတဲ့အတွက်၊ အသက်ထင်ရှားရှိစဉ်က ဘုန်းသမ္ဘာထက်မြက် ကျော်ကြာခဲ့ပုံတွေဟာ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဖြစ်လာရကြောင်း သမိုင်းပါမောက္ခဟောင်း ဒေါက်တာကျော်သက်က ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း ကျောင်းသုံးစာအုပ်မှာ ရေးထားပါတယ်။

ဘုရင့်နောင်ကို ခေါင်းဆောင်ကောင်းဟုတ်မဟုတ် ဆန်းစစ်တတ်သူတွေဟာ လက်ရှိခေါင်းဆောင်ကိုလည်း အကဲဖြတ်တတ်လာလိမ့်မယ်လို့ ဒေါက်တာရိုစဲလီက ဆိုပါတယ်။ ဒါပေမဲ့ အစိုးရထုတ်ထားတဲ့ စာအုပ်သာ ရှိတဲ့အတွက် ဒီစာအုပ်ကိုသုံးပြီး ဝေဖန်ဆန်းစစ်တတ်တဲ့ဉာဏ် ထွက်ပေါ်လာအောင် လုပ်ရလိမ့်မယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားအများစုဟာ သမိုင်းအချက်အလက်တွေကို အလွတ်ကျက်မှတ်နိုင်ရင် စာမေးပွဲမှာ အမှတ်များများ ရမယ်လို့ ယူဆကြပါတယ်။ ဆရာ၊ ဆရာမတွေကို မေးကြည့်တော့ အဖြစ်မှန်ကို ကျောင်းသားတွေကိုသိဖို့ သင်ကြားတာလို့ ဖြေသူကများပါတယ်။ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူနိုင်အောင် သင်ကြားတာလို့ ဖြေသူလည်း ရှိပါတယ်။ ဒါပေမဲ့ စာအုပ်ထဲမှာမပါတဲ့ သမိုင်းအချက်အလက်တွေ အများကြီး ရှိနေသေးတာကိုလည်း သတိထားသင့်တယ်လို့ ဆိုပါတယ်။ မြန်မာ့သမိုင်း သင်ကြားရေးဟာ ထင်သလောက် မလွယ်တာ သိသာပါတယ်။

သမိုင်းသင်ကြားတဲ့ ဆရာ၊ ဆရာမတွေဟာ ပြဿနာမျိုးစုံ ကြုံတွေ့နေရပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CDM လုပ်နေသူတွေ ရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် အစိုးရကျောင်းတွေမှာဆက်ပြီး အလုပ်လုပ်နေသူရတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိပါတယ်။ တိုင်းရင်းသား အခြေခံပညာရေးကျောင်း၊ ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ကျောင်း၊ ပုဂ္ဂလိက အလွတ်ပညာသင်ကျောင်း စသဖြင့် အမျိုးမျိုးရှိတာမို့ ကျောင်းရဲ့ သဘာဝကိုလိုက်ပြီး သမိုင်းကို ဆန်းစစ်နိုင်ပါတယ်။ ဥပမာ အမြဲတမ်းစစ်ဖြစ်နေတဲ့ ဘုရင့်နောင်ခေတ်က မိခင်နဲ့ ကလေးများအခြေအနေကို စဉ်းစားတတ်အောင် သင်ကြားပေးနိုင်ပါတယ်။

ဒါပေမဲ့ အခုအချိန်ဟာ နယ်စပ်မှာ အလုပ်လုပ်နေတဲ့ ဆရာ၊ ဆရာမများအတွက် အန္တရာယ်များတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်နိုင်တော့မှ သမိုင်းသင်ကြားရေးနည်းသစ်ကို ကျင့်သုံးသင့်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ပြဿနာအခက်အခဲ ရှိပေမယ့် သမိုင်းသင်ကြားရင်း ဝေဖန်ဆန်းစစ်တဲ့ အတွေးအခေါ် ရှိလာအောင်လုပ်နိုင်ရင် ကျောင်းသူကျောင်းသားတွေရဲ့ ဘဝဟာ ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ စစ်ဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကြောင့် ဒုက္ခသုက္ခအမျိုးမျိုး ကြုံနေရတဲ့ မျိုးဆက်သစ်တွေဟာ သမိုင်းအမြင်သစ်ကို သင်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါက်တာရိုစဲလီ မက်ထရိုက ယုံကြည်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG