ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနဲ့ ကျောက်မီးသွေးတွင်းကို မြန်မာ အစိုးရဘက်က ချက်ချင်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဒီလထဲ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ညီလာခံမှာ တောင်းဆိုခဲ့ကြပါတယ်။ တရုတ် ကုမ္ပဏီတခုက လည်ပတ်တဲ့ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေး စက်ရုံက လျှပ်စစ်ဓာတ်အားကို အစိုးရက ပြန်လည် ၀ယ်ယူနေတာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု အရပ်ဘက် မဟာမိတ် အဖွဲ့ MATA က ဦးအောင်ကျော်မိုးနဲ့ ဆက်သွယ်ပြီး စီးပွားရေး ကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။