သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Telegram အမှုဆောင်အရာရှိချုပ် ပြင်သစ်မှာ ဖမ်းဆီးခံရတဲ့ သတင်းထွက်


Telegram အင်တာနက် ဆက်သွယ်ရေးလူမှုကွန်ရက် တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရုရှား-ပြင်သစ် ကုဋေကြွယ်သူဋ္ဌေး Pavel Durov
Telegram အင်တာနက် ဆက်သွယ်ရေးလူမှုကွန်ရက် တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရုရှား-ပြင်သစ် ကုဋေကြွယ်သူဋ္ဌေး Pavel Durov

Telegram အင်တာနက် ဆက်သွယ်ရေးလူမှုကွန်ရက် တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရုရှား-ပြင်သစ် ကုဋေကြွယ်သူဋ္ဌေး Pavel Durov ကို ပါရီမြို့စွန်က Bourget လေဆိပ်မှာ မနေ့နှောင်းပိုင်းကပဲ ဖမ်းဆီးလိုက်ကြောင်း အမည်မဖော်လိုတဲ့ နီးစပ်သူတွေကို ကိုးကားပြီး TF1 နဲ့ BFM ပြင်သစ်ရုပ်သံဌာနတွေက ဖော်ပြလိုက်ကြပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားနေတဲ့ Durov ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုတခုအတွက် ဖမ်းဝရမ်းနဲ့ ထိန်းသိမ်းလိုက်တာလို့လည်း TF1 သတင်းဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တာပါ။ သူ့ကို အစောဆုံး ဒီနေ့မှာ တရားစွဲ အရေးယူနိုင်ခြေ ရှိတယ်လို့လည်း ပြင်သစ်သတင်းတွေက ဖော်ပြကြပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လတ်တလော Telegram ကုမ္ပဏီကရော၊ ပြင်သစ်အာဏာပိုင်တွေကပါ တရားဝင်ပြောတာတော့ လတ်တလော မရှိသေးပါဘူး။ အသုံးပြုသူ သန်း ၁ ထောင် နီးပါးရှိတဲ့ Telegram လူမှုကွန်ရက်ဟာ ရုရှား၊ ယူကရိန်းနဲ့ တချိန်က ဆိုဗီယက်ယူနီယံ လက်အောက်က ကွဲထွက်လာတဲ့ နိုင်ငံတွေမှာ အထူးသဖြင့် အသုံးများပါတယ်။

Facebook, YouTube, WhatsApp, Instagram, TikTok နဲ့ Wechat စတဲ့ လူမှုကွန်ရက်တွေပြီးရင် Telegram ကို အသုံးများကြပါတယ်။

Forum

XS
SM
MD
LG