သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကူညီပေးဖို့ တယ်လီနော စီစဉ်နေ


Telenor Telecommunication company
Telenor Telecommunication company

ဒစ်ဂျစ်တယ် လုံခြုံရေးအန္တရာယ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက တယ်လီနော အသုံးပြုသူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ တယ်လီနောက သောကြာနေ့မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့အခါမှာ ကြားဖြတ်နားထောင်တဲ့ နည်းပညာကို ဖွင့်ခိုင်းလိုက်ပြီးတဲ့နောက် တယ်လီနောက မြန်မာနိုင်ငံက သူ့လုပ်ငန်းကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချပြီး၊ ထွက်ခွါလာခဲ့တာပါ။

တယ်လီနော အသုံးပြုသူ ၁၈ သန်း ရဲ့ အချက်အလက်တွေကို စစ်တပ်က ရယူသွားနိုင်တယ်လို့ တယ်လီနောဝန်ထမ်းတွေနဲ့ ဝေဖန်သူတွေက ထောက်ပြ ပြောဆိုနေတဲ့ကြားက အီးယူ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုကို ခံရမှာ စိုးရိမ်တဲ့အတွက် တယ်လီနောက လက်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာ Atom ဆိုတဲ့ နာမည်သစ်နဲ့ တယ်လီနောကို ဝယ်ယူလိုက်သူတွေက လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေကြပါတယ်။

ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကို လေ့လာပြီး၊ အကြံပေးချက်အတိုင်း ဆောင်ရွက်ဖို့အတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ကို အတူရွေးချယ်ကြဖို့ အရပ်ဘက် အဖွဲ့အစည်း ၄၇၄ ဖွဲ့နဲ့ တယ်လီနောတို့ သဘောတူညီခဲ့ကြကြောင်း သောကြာနေ့က တယ်လီနောကုမ္ပဏီက ပြောပါတယ်။

မြန်မာနိုင်ငံက အသုံးပြုနေသူတွေအတွက် အလေးအနက်ထားရမယ့် အန္တရာယ်ရှိနေကြောင်း နှစ်ဘက်လုံးက သဘောတူကြပါတယ်။ စစ်တပ်ကရော၊ ဒီမိုကရေစီ လိုလားတဲ့ လက်နက်ကိုင် အုပ်စုတွေကပါ တယ်လီနော ဝန်ထမ်းတွေကို အန္တရာယ် ပေးနိုင်တယ်လို့ ယခင် တယ်လီနော ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒီမိုကရေစီလှုပ်ရှားသူတွေ အပါအဝင် တယ်လီနောဖုန်း အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်က တောင်းဆိုတာတွေ ရှိတယ်လို့ အခြားတယ်လီနော ဝန်ထမ်းဟောင်းတစ်ယောက်ကလည်း ပြောပါတယ်။ မြန်မာပြည်သူတွေအတွက် အလေးအနက် ပူပန်ကြောင်း၊ စိုးရိမ်စရာ အကြောင်းတွေ အားလုံးကို နားထောင်ဖို့ ရည်ရွယ်ပါကြောင်း တယ်လီနောကုမ္ပဏီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

=== Unicode ====







XS
SM
MD
LG